“စစ်ဖိနပ်အောက်ဘယ်တော့မှဒူးမထောက်ဘူးဟေ့” စာတန်း ကိုင်ဆောင်ကာ မြိုင်သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်ဝါရီ ၇
မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ်ကော်မတီနှင့် ဒေသခံ ပြည်သူလူထုတို့ ပူးပေါင်း၍ ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် “စစ်ဖိနပ်အောက် ဘယ်တော့မှဒူးမထောက်ဘူးဟေ့” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။



