19 C
Yangon

ဘီးလင်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၉ လုံးပျက်စီး

Must read

ဘီးလင်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၉ လုံးပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မင်းစောရွာအတွင်းသို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ် ခတ်ခဲ့ရာ နေအိမ် ၉ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၇ နာရီခွဲခန့်က အကြမ်းဖက်စစ်ကောင်စီ ကိုးနဝင်းတပ်စခန်း အ တွင်းမှ ပြည် သူလူထုနေထိုင်ရာကျေးရွာအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ဗုံးသီး (၂)လုံး ပစ်ခတ် တိုက် ခိုက်ခဲ့ရာ နေအိမ် ၉ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း၊ ယင်းအကြမ်းဖက်တပ်စခန်းအတွင်းမှ မင်းစောကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်လေ့ရှိကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော နေအိမ်ပိုင်ရှင်များမှာ တီးကွေးလေး၊ မောင်သန်းကျော်၊ ထွန်းသန်းပါး၊ ကျောနကူး၊ မောင်သိန်းဝင်းမိုး၊ တီးချာဘိ၊ ဖီးမုဒေး၊ တီးထို့ကလူနှင့် ယားမဝိုင်းမို့ တို့၏ နေအိမ်များဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article