ထန်တလန်မြို့မ ရဲစခန်းကို CNA က သိမ်းပိုက်ပြီးနောက် စစ်တပ်က တိုက် လေယာဉ်ဖြင့် CNA တပ်စခန်းကို ဗုံးကျဲ
ရန်ကုန်၊ ဖေဖော်ဝါရီ ၉
ချင်းပြည်နယ်၊ ထန်တလန်မြို့မရဲစခန်းကို CNA-CDF က သိမ်းပိုက်ပြီးနောက် စစ်တပ်က တိုက်လေယာဉ်ဖြင့် CNA တပ်စခန်းဖြစ်သော Buarpi Camp ကို ဗုံးကျဲလျက်ရှိကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁ နာရီအချိန်တွင် ထန်တလန်မြို့မရဲစခန်းကို သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် ဆက် တိုက် ဗုံးကျဲလျက်ရှိရာ ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန် ထန်တလန်မြို့ နယ်၊ တလန်းပီး Buarpi Camp ကို ဂျက်လေယာဉ်ဖြင့် ဗုံးကျဲနေကြောင်း သိရှိရသည်
“လေယာဉ်နဲ့ ဗုံးကျဲနေတယ်။ မြေပြင်အခြေအနေ မသိရသေးဘူး။” ဟု CNA-CDF သတင်းရင်းမြစ်က ပြောသည်။
