37 C
Yangon

မကွေးတိုင်း၊ ငဖဲမြိုု့နယ်ရှိ စစ်ကောင်စီ ၏ ကပစ ၁၄ ယမ်းချက်စက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး၊ RPG တို့ ဖြင့် တိုက်ခိုက်

Must read

မကွေးတိုင်း၊ ငဖဲမြိုု့နယ်ရှိ စစ်ကောင်စီ ၏ ကပစ ၁၄ ယမ်းချက်စက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး၊ RPG တို့ ဖြင့် တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းထုတ် စက်ရုံ(ကပစ-၁၄) ရှိ ယမ်း ချက်စက်ရုံကို ၁၀၇ မမရှော့ခ်တိုက်ဒုံး ၂ လုံး၊ RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း People’s Revolution Alliance – PRA Magway ထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၉ ရက် နံနက်အစောပိုင်း ၁၂ နာရီ မိနစ် ၄၀ ခန့်က အဆိုပါ အကြမ်းဖက်စစ်တပ် ယမ်းချက်စက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး၊ RPG ၁ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆောက်အ အုံ နှင့် စစ်သားထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု မြေပြင်အတည်ပြုချက်အရ သိရကြောင်း၊ နောက် ဆက်တွဲအခြေအနေကို စုံစမ်းလျက်ရှိကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို People’s Revolution Alliance – PRA Magway ဟောလုံစစ်ကြောင်းနှင့် မောလုံ စစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးကို အရှိန်တိုးမြှင်လုပ်ဆောင်သွား မည်ဖြစ် ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article