မကွေးတွင် ကျောင်းသား လူငယ်များ ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် အမြစ်ပြတ်ချေမှုန်းရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
မကွေးတိုင်းတွင် ဗကသများ အဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ(ပခုက္ကူဒေသ)ရဲဘော်များနှင့် ပခုက္ကူလူထုတိုက်ပွဲကော်မတီ_PPRC တို့ပူးပေါင်းပြီး ဖက်ဆစ် စစ်တပ် အမြစ်ပြတ်ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြပွဲကို pakokku special task force နှင့် ရပ်ကျေး ကာကွယ်ရေးအဖွဲ့များက လုံခြုံရေးပေးအတွက် လိုက်ပါဝန်းရံပေးခဲ့ကြောင်း သိရှိရသည်။