ယင်းမာပင်တွင် ဗကသ ကျောင်းသားများ ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
ယင်းမာပင်မြို့နယ်တွင် ဗကသ ကျောင်းသားများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြပွဲကို ယင်းမာပင်မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဆားလင်းကြီးမြို့နယ်ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)တို့ ပူးပေါင်းကာ “တောင်တန်း/မြေပြန့် ညီညွတ်ကြ၊ စစ်သုံးစစ်ကို အမြစ်ပြတ် တိုက်ဖျက်ကြ” စာတန်းကိုင်ဆောင်ခဲ့ကြောင်း သိရှိရသည်။