ရန်ကုန်တွင် ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းမှ ဦးဆောင်ကာ “တောင်တန်းပြည်မ ညီညွတ်ကြသည်” စာတန်း ကိုင်ဆောင်ပြီး ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
ရန်ကုန်မြို့တွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် “တောင်တန်းပြည်မ ညီညွတ်ကြသည်” စာတန်း ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြပွဲတွင် Myanmar Labour Alliance အဖွဲ့ဝင် CTUM၊ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ)၊ Youth Association Of Thingangyun (YAT)
တို့ပါ ပူးပေါင်းပါဝင်ခဲ့ပြီး Youth Scout for Democracy (Y.S.D) က မြေပြင် ကင်းထောက်ပံ့ပိုးမှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။