ရန်ကုန်တွင် တော်လှန်လူငယ် Demon အဖွဲ့က စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်း ချိတ်ဆွဲ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
ရန်ကုန်တွင် တော်လှန်လူငယ် Demon အဖွဲ့က ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် “မတရားမှုကို ကိုယ်နဲ့မဆိုင်ဘူးလို့ သဘောထားရင် တစ်ချိန်မှာ အဲ့ဒီမတရားမှုက ကိုယ့်အိမ်တံခါးဝကို လာခေါက်ပါလိမ့်မယ်” စာတန်း ချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲခဲ့ကြောင်း သိရသည်။
မြန်မာပြည်လူထုအားလုံးသည် လှောင်အိမ်တစ်ခုအတွင်း တူတူပိတ်မိနေခြင်းသာဖြစ်ပြီး စစ်ဖိနပ်အောက်မှာ မြန်မာပြည်လူထု တူတူပိတ်မိနေ ခြင်းသာဖြစ်ကြောင်း၊ မတရား အာဏာသိမ်းထားသည့် စကစ၏ ပြုလုပ်သမျှ မတရားမှုများကို မျက်ကွယ်ပြုထားပါက လိပ်ပြာတောင်ပံခတ်အကျိုးဆက်သကဲ့သို့ ထိုသို့အလားတူမတရားမှုများက သင့်ထံသို့/ကိုယ့်အိမ်တံခါးဝကို လာခေါက်လိမ့်မည်ဖြစ်ကြောင်း တော်လှန်လူငယ် Demon မှ ကိုယ်မင်းကိုနိုင်၏ စာသားဖြင့် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်သည်ဟု သိရှိရသည်။