အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့တွင် ဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦးနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့တွင် NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမိုးဇော်ဦးနှင့် ပြည်ပရောက် မြန်မာ နိုင်ငံသားများ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို အခမ်းအနားတွင် ဝန်ကြီး ဒေါ်ဇင်မာအောင်မှ အမေရိကန် နိုင်ငံရေး ခရီးစဉ်နှင့် ပတ်သက်ပြီးလည်းကောင်း၊ ဝန်ကြီး ဦးမိုးဇော်ဦးမှ အမျိုးသား ညီညွတ်ရေး လုပ်ငန်းဆောင်ရွက်နိုင်မှု အနေအထားများကိုလည်း ထည့်သွင်းပြောဆိုခဲ့ကြောင်း၊ တက်ရောက်လာသူများမှ နွေဦးတော်လှန်ရေးဆိုင်ရာ အထွေထွေေ မေးခွန်းများကို မေးမြန်းခဲ့ပြီး ဝန်ကြီး ၂ ဦးမှ ပြန်လည် ဖြေဆိုပေးခဲ့ကြောင်း သိရသည်။


