37 C
Yangon

သရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးစေခဲ့သော ဆင်ကော်ရဲစခန်းတိုက်ခိုက်မှု သရက် PDF လက်ချက်ဟု ကြေညာ၊ ရွှေဘိုတွင် ပျူစောထီး ၁ ဦးသေဆုံး

Must read

သရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးစေခဲ့သော ဆင်ကော်ရဲစခန်းတိုက်ခိုက်မှု သရက် PDF လက်ချက်ဟု ကြေညာ၊ ရွှေဘိုတွင် ပျူစောထီး ၁ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

မကွေးတိုင်း၊ သရက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးစေခဲ့သော ယနေ့ ဆင်ကော်ရဲစခန်းတိုက်ခိုက်မှုနှင့်စစ်ကူစစ်ကြောင်းကို မိုင်းဆွဲမှု သရက် PDF လက်ချက်ဖြစ်ကြောင်း သရက် PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၆ နာရီအချိန် သရက်မြို့နယ် ဆင်ကော်ရဲစခန်းကို ၄၀ မမ ဗုံးပစ်လောက်ချာနှင့် ၃ ချက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်း ၂ လုံးကျရောက်ပေါက်ကွဲပြီး စခန်းမှူး၊ ဒုရဲအုပ်နှင့် ဒုတပ်ကြပ် ၃ ဦး သေကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သရက်ခရိုင် PDF တပ်ရင်း-၄ (Eagle Force) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ဒီနေ့ ဆင်ကော်ရဲစခန်းကို ၄၀ နဲ့ ပစ်ရာမှာ ၃ ချက်ပစ်တာပေါ့နော် ။ ၁ လုံး ကျော်ကျတယ်။ ၂ လုံး စခန်းထဲကျပြီး ကွဲတယ်။ အဲဒီမှာ ရဲ ၃ ဦး နေရာမှာတင် ဒုတပ်ကြပ်ရယ်၊ ဒုရဲအုပ်ရယ် သေပြီးတော့ စခန်းမှူးနဲ့ နောက်ထပ် ၃ ဦး၊ စုပေါင်း ၄ ဦးက ဒဏ်ရာနဲ့ ဆေးရုံသွားရာမှာ စခန်းမှူးက လမ်းမှာသေတယ်လို့ သိရတယ်။ ဒါကြောင့် ၃ ဦးသေပြီး ၃ ဦး ဒဏ်ရာရတယ်လို့ သိရတယ်” ဟု သရက်ခရိုင် PDF တပ် ရင်း-၄ (Eagle Force) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် စစ်ကူလာသည့် အကြမ်းဖက်စစ်ကောင်စီ ကပစ ၁၂ မှ အင်အား ၂၅ ဦးခန့်ပါ Light Truck ကားကိုလည်း ပုဏ္ဏားရွာနှင့် တွင်းလည်ရွာကြားတွင် ပူးပေါင်းအဖွဲ့မှ စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဝင် ၅ ဦးခန့်သေကာ အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အဲဒီကို စစ်ကူလာတဲ့ စစ်ကောင်စီ ၂၅ ယောက်ခန့်ပါတဲ့ Light Truck ကားကို မိုင်းဆွဲတာတော့ ၅ ယောက် သေတယ်လို့ သိရှိရတယ်။ ထိခိုက် ဒဏ်ရာရတာတွေနဲ့ ဒီဆေးရုံတွေမှာတော့ ရောက်ရှိနေတာတွေ ရှိတယ်လို့ သိရပါတယ်” သရက်ခရိုင် PDF တပ်ရင်း-၄ (Eagle Force) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်လက်ပြောကြားသည်။

တိုက်ခိုက်မှုကို သရက်ခရိုင်အမှတ် ၄ တပ်ရင်းနှင့် မိုးကြိုးပြောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

ထို့ပြင် မင်းတုန်းမြို့နယ် မင်းတုန်းမြို့တွင်လည်း ယနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ၅၅ မိုင် စစ်ဆေးရေးဂိတ်ကို ဗုံးသီး ၂ လုံးချ တိုက်ခိုက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဘိုးနတ်တောင်နှင့် တောင်လှတောင်ပေါ်သို့ ရောက်ရှိ တပ်စွဲနေသော အ ကြမ်းဖက်စစ်သား၊ ပျူစောထီးများကို လက်နက်ကြီး၊ လက်နက်ငယ်များ၊ စနိုက် ပါဖြင့်ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီး ၁ ဦး သေဆုံးခဲ့ကြောင်း Wetlet Revolution Front တပ်ဖွဲ့ ဗဟို ပြန်ကြား ရေး တာဝန်ခံ ရဲဘော် လွန်းညီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၇ ရက် ညနေပိုင်းက ရွှေဘိုမြို့နယ်၊ မခေါက်ကျေးရွာနှင့် ဟင်္သာကြီးကျေးရွာမှ အကြမ်း ဖက်စစ်သား၊ ပျူစောထီးပူးပေါင်းအင်အား ၅၀ ခန့်သည် ရွှေဘိုမြို့နယ် အရှေ့ခြမ်း၊ ကုလားမ လက် ကောက်ကျေးရွာ အနောက်ဘက်ရှိ ဘိုးနတ်တောင်နှင့် တောင်လှတောင်ပေါ်သို့ ရောက်ရှိနေရာယူထား သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ၆၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ ပျူစောထီးနဲ့ စစ်သားနဲ့ပူးပေါင်းထားတဲ့တပ်တွေ၊ လက်နက်ကြီးအပြန်အလှန်ပစ်ခတ်ကြတာ၊ ကျနော် တို့ရဲဘော်တွေက စနိက်ပါနဲ့တစ်ချက်ပစ်တယ်၊ အဲဒီမှာ ပျူတစ်ကောင်ထီမှန်သွားပြီး သေသွားတာ၊ စစ်ခွေးတွေဘက်လက်နက်ကြီးနဲ့ပစ်လို့ အိမ်တစ်လုံးထိမှန်ပြီး မီးလောင်သွားတာရှိတယ်၊ မနေ့က (ဖေဖော်ဝါရီလ ၁၉) ကလည်းကျနော်တို့ဘက်နေလက်နက်ကြီးသွားပစ်ခဲ့သေးတယ်၊ အထိအခိုက်အကျ အဆုံးကတော့ ရှိနိုင်တယ်လို့ပဲ ပြောလို့ရတာ” ဟု Wetlet Revolution Front တပ်ဖွဲ့ ဗဟိုပြန်ကြားရေး တာဝန်ခံ ရဲဘော် လွန်းညီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်လှုပ်ရှား စစ်ဒေသ)ရဲဘော်များနှင့် Brave Brothers တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက် မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article