ဝက်လက်မြို့နယ်တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ကျောင်းသား၊ ပြည်သူများ ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ဗကသများ အဖွဲ့ချုပ်၊ဗဟိုစည်းရုံးရေး ကော်မတီ (ဝက်လက်ဒေသ)မှ ကျောင်းသားများနှင့် ဒေသခံ ပြည်သူများ ဦးဆောင်ကာ “ရွေးကောက်ပွဲဟာ ဒီမိုကရေစီမဟုတ်၊မင်းတို့မဲပုံးထဲမှာ ပြည်သူ့သွေးတွေ ပြည့်နေပြီ” စာတန်း ကိုင်ဆောင်ပြီး ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။