38 C
Yangon

ပုလဲမြို့နယ်၊ ချောင်းဦးရွာရှိ စစ်ရှောင်တဲများကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ကျေးရွာ ၇ ရွာကို စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ပုလဲမြို့နယ်၊ ချောင်းဦးရွာရှိ စစ်ရှောင်တဲများကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ကျေးရွာ ၇ ရွာကို စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ချောင်းဦးရွာရှိ စစ်ရှောင်တဲ ၂၀ ကျော်ကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပုလဲမြို့နယ်၊ ချောင်းဦးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ကျေးရွာအနီးအနားရှိ စစ်ဘေးရှောင် ပြည်သူများ ဆောက်လုပ်ထားသော စစ်ရှောင်တဲ ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် တောသာရွာ၊ ကြူခြံရွာ၊ မုံသွင်ရွာ ၊ကံကြီးရွာ၊ နှောရိုးရွာ၊ တုန်းကန်ရွာ၊ နွယ်အင်းရွာ စသည့် ကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုး စီးနင်းနေသောကြောင့် ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ​ကြောင်း သိရှိရသည်။

“ချောင်းဦးက လွန်ခဲ့တဲ့ ၁ နှစ်လောက်တည်းက စစ်ခွေးတွေ မီးရှို့လို့ ရွာလုံးကျွတ် ပြာကျသွားပြီး အခုက ယာတောတွေထဲမှာ တဲထိုးပြီးနေတဲ့ စစ်ရှောင်တဲတွေကို မနေ့က မီးထပ်ရှို့တာ တဲ ၂၀ ကျော်လောက် မီးလောင်ပြာကျသွားပြီ ဒီနေ့လဲ ကျေးရွာ ၇ ရွာကို စီးနင်း စစ်ကြောင်းထိုးနေတယ်။ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article