28 C
Yangon

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်တပ် မီးရှို့ခဲ့သော ရွာများကို ကူညီ ထောက်ပံ့ရန် အညာပစ်တိုင်းထောင်လေးများ အဖွဲ့က ဆန်တင်း ၁၀၀ ကမ်ပိန်း ပြုလုပ်မည်

Must read

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်တပ် မီးရှို့ခဲ့သော ရွာများကို ကူညီ ထောက်ပံ့ရန် အညာပစ်တိုင်းထောင်လေးများ အဖွဲ့က ဆန်တင်း ၁၀၀ ကမ်ပိန်း ပြုလုပ်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းတိုင်းအတွင်းရှိ အကြမ်းဖက် စစ်တပ် မီးရှို့ခဲ့သော ရွာများကို ကူညီ ထောက်ပံ့ရန် အညာပစ်တိုင်းထောင်လေးများ အဖွဲ့က ဆန်တင်း ၁၀၀ ကမ်ပိန်း ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အညာ ပစ်တိုင်းထောင်လေးများ အဖွဲ့က ဆားလင်းကြီးမြို့နယ်ရှိ မီးရှို့ခံရသော ကျေးရွာ ၉ ရွာမှ အိမ်ခြေ ၄၇၁ အိမ်၊ ယင်းမာပင်မြို့နယ်ရှိ မီးရှို့ခံရသော ကျေးရွာ ၇ ရွာမှ အိမ်ခြေ ၁၈၄ အိမ်၊ ကနီမြို့နယ်ရှိ မီးရှို့ခံရသော အိမ်ခြေနှင့် စစ်ဘေးရှောင် ကျေးရွာ ၃ ရွာရှိ အိမ်ခြေ ၁၄၆ အိမ်စာအတွက် မီးဖိုချောင်သုံး ပစ္စည်းများ၊ ဆန်နှင့် စားသုံးဆီများ လှူတန်ပေးခဲ့ပြီး လှူတန်းမှုများ ထပ်မံ ပြုလုပ်နိုင်ရန် ဆန်တင်း ၁၀၀ ကမ်ပိန်း ပြုလုပ်ခြင်း ဖြစ်ကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဆန်တင်း ၁၀၀ ကမ်ပိန်းတွင် ပါဝင်လှူတန်းမည့်သူများ အနေဖြင့် အညာပစ်တိုင်းထောင်လေးများ အဖွဲ့ Facebook Page https://www.facebook.com/profile.php?id=100087916585581… ကို ဆက်သွယ်လှူတန်းနိုင်ပြီး ဆန် ၁ တင်း ၄၀၀၀၀ ကျပ် သတ်မှတ်ထားပြီး လှူတန်းမည့်သူများ တက်နိုင်သလောက် ပါဝင်လှူတန်းနိုင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article