KNU တပ်မဟာ ၅ နယ်မြေတွင် စစ်တပ်နှင့် BGF စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သားအလောင်း ၁ လောင်းနှင့် လက်နက် ၂ လက် သိမ်းဆည်းရမိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် စစ်တပ်နှင့် BGF စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သားအလောင်း ၁ လောင်းနှင့် လက်နက် ၂ လက် သိမ်းဆည်းရမိကြောင်း ဗမာပြည်သူ့လွတ်မြောက် ရေး တပ်တော်(BPLA)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယနေ့နံနက် ၆ နာရီအချိန် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် Force for Federal Democracy(FFD)တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင်များက KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီနှင့် BGF ပူးတွဲနေထိုင်သော တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်ကြောင်းသိရှိရသည်။
တိုက်ပွဲမှာ မိနစ်အနည်းငယ်ကြာပစ်ခတ်ရုံဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြောက်လန့်တကြား စခန်းစွန့်ခွာထွက်ပြေးကြပြီး နာရီဝက်ခန့်အကြာတွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲအတွင်း စစ်သားအလောင်းအလောင်းတစ်လောင်း၊ လက်နက်(၂)လက်နှင့် ဆက်စပ်ပစ္စည်းများရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း မဟာမိတ်ပူးပေါင်းအဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ကြောင်း သိရှိရသည်။