35 C
Yangon
- Advertisement -spot_img

TAG

KNU

စစ်တပ်က ပြည်သူများအပေါ် ရည်ရွယ်ရှိရှိ တိုက်ခိုက်နေမှုများကို KNU က ပြင်းထန်စွာရှုတ်ချပြီး အာဆီယံနှင့်နိုင်ငံတကာ စစ်ရာဇဝတ်မှုများကို မျက်ကွယ်မပြုဘဲ အရေးယူရန် တိုက်တွန်း

ရန်ကုန်၊ ဧပြီ ၁၉ အကြမ်းဖက်စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများနှင့် အခြေခံအဆောက် အအုံများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေခြင်းအပေါ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြင်းထန်စွာရှုတ်ချလိုက်ပြီး အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဤစစ်ရာဇဝတ်မှုများကို မျက်ကွယ်မပြုဘဲ ထိရောက်စွာ အရေးယူရန် တိုက်တွန်းလိုက်သည်။ စစ်တပ်က ပြည်သူလူထု အားကိုးအားထားပြုနေရသည့် စာသင်ကျောင်းများနှင့် ဆေးရုံများကို...

ထိုင်း-မြန်မာနယ်စပ်တွင် လူကုန်ကူးမှုများ၊ ကျားဖြန့်များနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို မြန်မာစစ်တပ်နှင့်ဆက်နွယ်နေသော DKBA ၊ BGF တို့က ကာကွယ်ပေးကာ လည်ပတ်နေ၍ တိုက်ဖျက်ရန် KNU က အမေရိကန်ကို အကူအညီတောင်း

ရန်ကုန်၊ ဧပြီ ၁၆ ထိုင်း-မြန်မာနယ်စပ်တွင် လူကုန်ကူးမှုများ၊ ကျားဖြန့်များနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို မြန်မာ စစ်တပ်နှင့်ဆက်နွယ်နေသော BGF ၊ DKBA လက်နက်ကိုင်များက ကာကွယ်ပေးကာ လည် ပတ်နေ၍ တိုက်ဖျက်ရန် ကရင်အမျိုးသားအစည်းအရုံး-KNU က အမေရိကန်ကို အကူအညီတောင်းလိုက်သည်။ ဧပြီလ ၁၅ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီတွင်...

ဘီးလင်းမြို့နယ်၊ လေးကေတပ်စခန်း သိမ်းပိုက်မှုအတွင်း ဒဏ်ရာရရှိသော မြန်မာစစ်တပ်ဘက်မှ စစ်သားကို KNLA တပ်များက ကယ်ထုတ်ခဲ့

ရန်ကုန်၊ ဧပြီ ၁၅ မွန်ပြည်နယ်၊ KNU အုပ်ချုပ်မှုနယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ လေးကေတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် ဒဏ်ရာရရှိသွားသည့် မြန်မာစစ်တပ်ဘက်မှ စစ်သားတစ်ဦးကို KNLA တပ်ဖွဲ့ဝင်များက လူသားချင်းစာနာထောက်ထားမှုဖြင့် ကယ်ထုတ်ပေးခဲ့ကြောင်း KNU က သတင်းထုတ်ပြန်သည်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ...

KNU က ကော်သူးလေပဋိညာဉ်ကို အတည်ပြုပြီး ကော်သူလေး အတိုင်ပင်ခံကောင်စီနှင့် ကော်သူလေး အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကာ ဖက်ဒရယ်ယူနစ် ထူထောင်ရေး ခြေလှမ်း သစ်စတင်

ရန်ကုန်၊ ဧပြီ ၁၀ ကရင်အမျိုးသားအစည်းအရုံး (KNU)က တော်လှန်ရေးကာလအတွင်း ကော်သူးလေဖက်ဒရယ်ယူနစ် တည်ဆောက်ရေးအတွက် အရေးပါသော ကော်သူးလေပဋိညာဉ်ကို အတည် ပြုလိုက်ပြီး ကော်သူးလေအတိုင်ပင်ခံကောင်စီနှင့် အုပ်ချုပ်ရေးကောင်စီတို့ကို စနစ်တကျ ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ကြေညာသည်။ မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့အထိ ကျင်းပခဲ့သော ကော်သူးလေဖက်ဒရယ်ယူနစ်...

KNU တပ်မဟာ ၅ နယ်မြေအတွင်း မတ်လတိုက်ပွဲများတွင် စစ်တပ်ဘက်မှ အရာရှိနှင့်စစ်သည် ၁၀၀ ကျော် သေဆုံး

ရန်ကုန်၊ ဧပြီ ၃ ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေဖြစ်သော ဖာပွန် (မူတြော်) ခရိုင်အတွင်း ပြီးခဲ့သည့် မတ်လ ၁ လတာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်တပ်ဘက်မှ အရာရှိနှင့် စစ်သည် စုစုပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း KNU က...

KIO ၊ KNU ၊ CNF ၊ KARENNI ၊ CRPH နှင့် NUG တို့ပါဝင်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ -SCEF ကို ဖွဲ့စည်း

ရန်ကုန်၊ မတ် ၃၀ KIO ၊ KNU ၊ CNF ၊ KARENNI ၊ CRPH နှင့် NUG တို့ပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ၊ Steering Council for the Emergence of a...

KNU တပ်မဟာ ၅ နယ်မြေရှိ စစ်တပ်၏ ကော်သွေးကျို့ စခန်း အပါအဝင် စစ်စခန်း ၂ ခု ကို တိုက်ခိုက်သိမ်းပိုက်မှု တပ်ရင်းမှူး အပါအဝင် ၄၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ

ရန်ကုန်၊ မတ် ၂၂ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ စစ်တပ်၏ ကော်သွေးကျို့ စခန်း အပါအဝင် စစ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်တပ်ဘက်မှ တပ်ရင်းမှူး အပါအဝင် ၄၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိကြောင်း KNU မူတြော်၏...

KTLA ဆာကဆောစစ်ကြောင်းမှူး ဗိုလ်အယ်ခွီး (ကော်လားဖိုး) အဖွဲ့ကို စစ်ကောင်စီ၏ မိတ်ဖက် အကြမ်းဖက်အဖွဲ့အဖြစ် KNU တပ်မဟာ ၄ က ကြေညာ

ရန်ကုန်၊ မတ် ၁၅ KTLA ဆာကဆောစစ်ကြောင်းမှူး ဗိုလ်အယ်ခွီး (ကော်လားဖိုး) အဖွဲ့ကို အကြမ်းဖက် စစ်ကောင်စီ၏ မိတ်ဖက် အကြမ်းဖက်အဖွဲ့အဖြစ် KNU မြိတ်-ထားဝယ်ခရိုင် တပ်မဟာ ၄ က ယနေ့ မတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။ ၂၀၂၁ ခုနှစ်တွင် အကြမ်းဖက်စစ်တပ်က...

ရွှေကျင်၊ ကျောက်ကြီးနှင့် ပုလဲမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု နေအိမ်များထိခိုက်ပျက်စီးပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ မတ် ၁၃ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။ မတ်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၂...

KNU ဗဟိုဌာနချုပ်ကို စစ်တပ်က အသေခံဒရုန်းများဖြင့် ထပ်မံတိုက်ခိုက်၊ လူထိခိုက်မှုမရှိဘဲ ဒရုန်းတစ်စီးကို ပစ်ချနိုင်ခဲ့

ရန်ကုန်၊ မတ် ၁၃ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုဌာနချုပ် တည်ရှိရာ ကရင်ပြည်နယ်၊ တပ်မဟာ ၇ နယ် မြေအတွင်းသို့ စစ်ကောင်စီက ယနေ့နံနက်ပိုင်းတွင် ကာမီကာဇေ (Kamikaze) အသေခံဒရုန်းများဖြင့် ထပ်မံ တိုက်ခိုက်ခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း KNU စစ်ရေး သတင်းရင်းမြစ်၏ ပြောကြားချက်အရ သိရသည်။ ယနေ့...

Latest news

- Advertisement -spot_img