39 C
Yangon

ဒီးမော့ဆို စစ်ဘေးရှောင်စခန်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေး မိခင် ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး ခင်ပွန်းဖြစ်သူ အပြင်းအထန်ဒဏ်ရာရ ၊ အခြားအမျိုးသမီး ၁ ဦးလည်း ဒဏ်ရာရ

Must read

ဒီးမော့ဆို စစ်ဘေးရှောင်စခန်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေး မိခင် ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး ခင်ပွန်းဖြစ်သူ အပြင်းအထန်ဒဏ်ရာရ ၊ အခြားအမျိုးသမီး ၁ ဦးလည်း ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စစ်ဘေးရှောင်စခန်းကို စစ်တပ်က လက် နက် ကြီးများဖြင့် ယမန်နေ့ ညပိုင်း ပစ်ခတ်ရာ ကလေးမိခင် အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး ခင်ပွန်းဖြစ်သူ အပြင်းအထန်ဒဏ်ရာရရှိကာ အခြားအမျိုး သမီး ၁ ဦးလည်း ဒဏ်ရာရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-ဒီးမော့ ဆိုမြို့နယ်မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်မှ ည ၈ နာရီ ၁၀ မိနစ်အချိန် အထိ ဒီးမော့ဆိုမြို့နယ် ၊ စစ်ဘေးရှောင်စခန်းကို စစ်တပ်က လက်နက်ကြီးဖြင့် ၆ ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် ကလေး မိခင် အမျိုးသမီး ၁ ဦးမှာ ပွဲချင်းပြီသေဆုံးပြီး ခင်ပွန်းဖြစ်သူမှာ ဘယ်ဘက် လက် မောင်းကျိုး(ပြင်းထန်ဒဏ်ရာ)၊ အသက်(၂၈)နှစ်အမျိုးသမီးတစ်ဦးမှာ တင်ပါးဆုံ(ပြင်းထန်ဒက်ရာ) ရရှိခဲ့ကြောင်း သိရှိရသည်။

” အသက် ၂ နှစ်ခွဲအရွယ်ကလေးငယ် မိခင်ကတော့ ပွဲချင်းပြီးဆုံးတယ်။ သူ့ အမျိုး သားက လက်နက်ကြီးက ဘယ်ဘက်လက်မောင်းကိုထိပြီး ဖွာလန်ကျဲ သွားတယ်။ ဖြတ်ရမလားမသိဘူး။ အသက်အန္တရာယ်စိုးရိမ်ရတယ်။ နောက်ထပ် အမျိုးသမီးတစ်ဦးကလည်း တင်ပါးဆုံမှာ လက်နက်ကြီးကျည်ထိထားတယ်။ စိုးရိမ်ရတယ်။ ကလေးလေးကတော့ ဘာဒဏ်ရာမှ မရဘူး။ ကလေးက သူ့ အဖွား ဆီရောက်နေတော့ လက်နက်ကြီး ကျတဲ့နေရာမှာ မရှိဘူး” ဟု ပြည်သူ့ ကာကွယ်ရေးတပ်မတော်-ဒီးမော့ဆိုမြို့နယ်မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် လက်နက်ကြီးထိမှန်သော မိသားစုမှ အသက်၇၀ အရွယ် အဘွားဖြစ် သူမှာ လန့်၍ နှလုံးရောဂါ တဖန် ပြန်ခံစားနေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article