26 C
Yangon

ကော့သောင်းမြို့တွင် ပျူစောထီးခေါင်းဆောင် ကျော်မိုးခိုင် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ကော့သောင်းမြို့တွင် ပျူစောထီးခေါင်းဆောင် ကျော်မိုးခိုင် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မတ် ၁၆

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် ပျူစောထီးခေါင်းဆောင် ကျော်မိုးခိုင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ကော့သောင်း မြို့ပြ ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၅ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် ကော့သောင်းမြို့ ခမရ ၃၄၂ တပ်ရင်းကို ဈေးဝယ်ပြီး ပြန်သည့် ပျူစောထီး ခေါင်းဆောင် ကျော်မိုးခိုင်ကို ကော့သောင်း မြို့ပြ ပြောက်ကျားအဖွဲ့မှ သေနတ်၊ ဓားများဖြင့် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

” ကျော်မိုးခိုင်ကို ပစ္စတို သေနတ်နဲ့ ၆ ချက် ပစ်ပြီးတဲ့အပြင် ဓားနဲ့ပါ တိုက်ခိုက်ခဲ့တာပါ။ သေတယ်လို့တော့ သိရတယ်။ သူက စစ်တပ် တွေထဲမှာနေတာ ခမရ ၃၄၂ တပ်ကို စျေးသွားဝယ်ပြီး ပြန်အလာမှာ ရှင်းခဲ့တာ” ဟု ကော့သောင်း မြို့ပြ ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_img

Latest article