34 C
Yangon

စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ်သို့ ထိုးစစ်ဆင်နေသဖြင့် ပြည်သူ ၁၀၀၀၀ ကျော် စစ်ဘေးရှောင်နေရ

Must read

စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ်သို့ ထိုးစစ်ဆင်နေသဖြင့် ပြည်သူ ၁၀၀၀၀ ကျော် စစ်ဘေးရှောင်နေရ

ရန်ကုန်၊ မတ် ၁၃

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေသဖြင့် ပြည်သူ တစ်သောင်းကျော် စစ်ဘေးရှောင် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

မတ်လ ၁၀ ရက်နေ့မှ စတင်၍ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းတွင် စစ်ကြောင်းထိုးလာပြီး ဒေါပဲ့တူ၊ ဒေါညေးခူ၊ဒေါတမကြီး၊ ဒေါစဲ၊ နန်းမတွေ၊ ဒေါတမြေး၊ ဒေါတမူး၊ ဒေါဆိုဖြ ကျေးရွာအပါအဝင် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ကျေးရွာများစွာမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးနေရပြီး စားဝတ်နေရေး အခက်အခဲများ ရှိနေကြောင်း သိရှိရသည်။

” သုံးရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားနေတာတွေကြောင့် ပြည်သူတွေ ဘေးလွတ်ရာဆီကို တိမ်းရှောင်နေရပါတယ်။ စစ်ကောင်စီက ၃ ရက်ဆက်တိုက်စစ်ကြောင်းထိုးနေတာပါ” ဟု ကရင်နီ စစ်ဘေးရှောင်များကို ကူညီနေသူ ကိုဇော်မင်းထိုက်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_img

Latest article