ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးရုံးရှေ့တွင် မြန်မာနိုင်ငံသို့ ဂျပန်အစိုးရက ထောက်ပံ့ငွေ ODA ပေးမှု ရပ်တန့်ထားရေး ဆန္ဒပြ
ရန်ကုန်၊ မတ် ၃
ဂျပန်နိုင်ငံ တိုကျိုမြို့ နိုင်ငံခြားရေရုံး (MOFA)ရှေ့တွင် ဂျပန်အစိုးရမှ မြန်မာသို့ထောက်ပံ့ငွေ ODA ကို ရပ်တန့်ပေးရန် ပြည်ပရောက် မြန်မာနိုင်ငံသားများ ဆန္ဒပြကြောင်း သိရသည်။
ထို့ပြင် နီပွန်ဖောင်ဒေးရှင်း ဥက္ကဠ ဆာဆာကာဝါသည် အကြမ်းဖက် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အပေါင်းအပါ ဖြစ်ပြီး ဂျပန်မှ ထောက်ပံ့ငွေ ODA သည် လက်နက်ဝယ်ရန်ဖြစ်ပြီး မြန်မာ ပြည်သူများ အတွက် အထောက်အပံ့ မဖြစ်ဘဲ အကြမ်းဖက် အားပေးခြင်းသာဖြစ်၍ ဂျပန်မှ ထောက်ပံ့ငွေ ODA ကို ရပ်ဆိုင်းပေးရန် တောင်းဆိုကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။