30 C
Yangon

စစ်ကိုင်း၊ တာတိုင်ကျေးရွာမှ အမျိုးသမီး ၃ ဦးကို စစ်တပ်က မုဒိမ်းကျင့်သတ် ဖြတ် ပြီး မိန်းမကိုယ် အင်္ဂါများတွင် ကြက်သွန်နီဥများ ထိုးထည့်ထားခဲ့၊ စစ်တပ်က သတ်ဖြတ်ခဲ့သော ပြည်သူ စုစုပေါင်း ၁၇ ဦးအထိရှိလာ

Must read

စစ်ကိုင်း၊ တာတိုင်ကျေးရွာမှ အမျိုးသမီး ၃ ဦးကို စစ်တပ်က မုဒိမ်းကျင့်သတ် ဖြတ် ပြီး မိန်းမကိုယ် အင်္ဂါများတွင် ကြက်သွန်နီဥများ ထိုးထည့်ထားခဲ့၊ စစ်တပ်က သတ်ဖြတ်ခဲ့သော ပြည်သူ စုစုပေါင်း ၁၇ ဦးအထိရှိလာ

ရန်ကုန်၊ မတ် ၃

စစ်ကိုင်းတိုင်း ၊ တာတိုင်ကျေးရွာမှ အမျိုးသမီး ၃ ဦးကို စစ်တပ်က မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ပြီး မိန်းမကိုယ်အင်္ဂါများအတွင်းတွင် ကြက်သွန်နီဥများ ထိုးထည့်ထားခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်နှင့် ဒေသပြည်သူများက ပြောဆိုသည်။

မတ်လ ၁ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းက တာတိုင်ကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း၊ မတ်လ ၂ ရက်နေ့ နံနက်ပိုင်း စစ်ကြောင်း ပြန်လည် ထွက်ခွာချိန်တွင် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁၄ ဦး စုစုပေါင်း ပြည်သူ ၁၇ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့ပြီး လမ်းတွင် သတ်ဖြတ်ခဲ့ကာ အလောင်းများကို စွန့်ပစ်ခဲ့ကြောင်း၊ အမျိုးသမီးများကိုမူ မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ပြီး မိန်းမကိုယ်အင်္ဂါများအတွင်းတွင် ကြက်သွန်နီဥများ ထိုးထည့်ခဲ့ကြောင်း၊ အလောင်းများကို သယ်ယူခြင်းမပြုနိုင်ရန် အလောင်းများအောက်တွင် ဗုံးနှင့်မိုင်းများ ထောင်ထားခဲ့ ကြောင်း သိရှိရသည်။

“ဒီနေ့ အမျိုးသား၂ ယောက် အလောင်းထပ်တွေ့ပါတယ်။ စုစုပေါင်း တာတိုင်ရွာမှ အမျိုးသား၁၄ ဦး၊ အမျိုးသမီး ၃ ယောက် ကို စစ်ခွေးတွေက သတ် ဖြတ်သွားပါတယ်။ အမျိုးသမီးတွေကို မုဒိန်းကျင့် သတ် ဖြတ်သွားပါတယ်။ အသတ်ခံထားရတဲ့ အမျိုး သမီးတစ်ဦး ရဲ့ မိန်းမ တန်ဆာထဲ ကြက်သွန်နီဥတွေထည့်သွားပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြော သည်။

စစ်တပ်က သတ်ဖြတ်သွားသည့် တာတိုင်ကျေးရွာမှ ပြည်သူ ၁၇ ဦး၏ အမည်များမှာ-

၁- ကိုမိုက်ကယ် (ဘ) ဦးလှရွှေ အသက် ၄၇ နှစ်

၂- ကိုကွန်း (ဘ) ဦးလှရွှေ အသက် ၄၀ နှစ်

၃-ကိုစိုးနိုင် (ဘ) ဦးလှကြိုင် အသက် ၅၀ နှစ်

၄-ကိုကျော်စိုး (ဘ) ဦးလှကြိုင် အသက် ၃၇ နှစ်

၅-ကိုကျော်ကျော် (ဘ) ဦးကျော်ရွှေ အသက် ၃၅ နှစ်

၆-ကိုလင်း အသက် ၄၀ နှစ်

၇-ကိုအောင်အောင် (ဘ) ဦးလှရွှေ အသက် ၄၀ နှစ်

၈-ကိုရဲလင်းအောင် (ဘ) ဦးကျော်လင်းအသက်၂၅ နှစ်

၉-ဦးသိန်းထိုက် (ဘ) ဦးနက်တူး အသက် ၆၀ နှစ်

၁၀- ကိုဇော်ဖြိုး အသက် ၁၇ နှစ်

၁၁- မသန်းနွယ် (ဘ) ဦးသောင်းစံ အသက် ၄၀

၁၂- မဆွေဆွေဦး (ဘ) ဦးတက်တိုး အသက် ၄၂ နှစ်

၁၃-ကိုထီလာ အသက် ၄၂ နှစ်

၁၄-မပန်းနွယ် (ဘ) ဦးသောင်းစံ အသက် ၄၄ နှစ်

၁၅-အမည်မသိ အမျိုးသား

၁၆- အမည်မသိ အမျိုးသား

၁၇- အမည်မသိ အမျိုးသား တို့ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်း၊ ဝက်လက်၊ ယင်းမာပင်၊ ရွှေဘိုတို့တွင် စစ်ကြောင်းများ အများအပြားဖြင့် ကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူများကို သတ်ဖြတ်ခြင်းများ ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး ပြည်သူ ထောင်သောင်းချီ၍ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article