တန့်ဆည် ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ အကြမ်းဖက် စစ်တပ်၏ သွေးစွန်းငွေ ဖြတ်တောက်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ မတ် ၅
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ မတ်လ ၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် ဝင်ငွေရရှိနေသည့် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း MOGE နှင့် PTT ကုမ္ပဏီတို့အား အရေးယူပိတ်ဆို့နိုင်ရေးနှင့် သွေးစွန်းငွေဖြတ်တောက်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။