34 C
Yangon

ကလေးမြို့တွင် မုဒိမ်းမှု၊ လူသတ်မှုများ ကျူးလွန်ထားသည့် ပျူစောထီး ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ကလေးမြို့တွင် မုဒိမ်းမှု၊ လူသတ်မှုများ ကျူးလွန်ထားသည့် ပျူစောထီး ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မတ် ၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မုဒိမ်းမှု၊ လူသတ်မှုများ ကျူးလွန်ထားသည့် ပျူစောထီး ခေါင်းဆောင် ချမ်းမြေ့အောင် (ခေါ်) ဖိုးချမ်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း UGF – Kalay တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ကလေးမြို့နယ် အောင်မေတ္တာရပ်ကွက် ပျဥ်သာရွာတွင် နေထိုင်သည့် ပျူစောထီးခေါင်းဆောင် ချမ်းမြေ့အောင် (ခေါ်) ဖိုးချမ်းကို UGF-Kalay တပ်ဖွဲ့မှ ကလေးမြို့နယ်၊ စမ်းမြို့ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်၌ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင် ဖိုးချမ်းသည် ကလေးမြို့ မြောက်ပိုင်း အိတ်စွပ်ရွာရှိ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခြင်း၊ အကြမ်းဖက် စစ်တပ်နှင့်အတူ မတရားမှုများ ဆက်တိုက်လုပ်ဆောင်ခြင်း၊ ပြည်သူပိုင် ဆိုင်ကယ် အစီးပေါင်း ၁၀၀ ကျော်ကို ခိုးယူရောင်းချခြင်း၊ ရွှေဘုံသာ ဘုရားကြီးလမ်းရှိ လူမိုက် ကျော်ကြီးတို့အဖွဲ့နှင့် ပူးပေါင်းကာ ခိုးဆိုး လုနှိုက် ဓါးပြတိုက်မှုများ ကျူးလွန်ခြင်း၊ ရွှေဆိုင်တစ်ဆိုင်ကို အနုကြမ်းစီးခြင်း၊ တော်လှန်ရေးတွင် ပါဝင်သူများကို ဖမ်းဆီးရန် ဦးဆောင်ခြင်း၊ PDF များကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက် ထားသူ ဖြစ်ကြောင်း UGF-Kalay တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ှု

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article