ရေစကြိုတွင် ကင်းလှည့်စစ်ကြောင်းကို ဒရုန်းဖြင့် တိုက်ခိုက်၊ လောင်းလုံးမြို့ပေါ်တွင် ပျူစောထီးခေါင်းဆောင် မင်းသိန်း ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိ
ရန်ကုန်၊ မတ် ၅
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကံသစ်ကျေးရွာနှင့် ကြည့်ကန်ကျေးရွာ အကြားတွင် အင်အား ၄၀ ခန့်ဖြင့် ကင်းလှည့် ထွက်လာသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံး မှုရှိကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ မတ်လ ၅ ရက် နံနက် ၇ နာရီ မိနစ် ၅၀ ခန့်က အကြမ်းဖက်စစ်တပ် ခလရ ၂၅၈ တပ်အတွင်း စာမေးပွဲဖြေဆိုရန် ရှိသည်ဟုဆိုကာ ကာကင်းအဖြစ်ထွက်လာခြင်းဖြစ်ပြီး ရေစကြိုမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ ဒရုန်းဖြင့် အီနာဂါ ဗုံးသီးတစ်လုံးကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင်း၊ အကြမ်းဖက်စစ်သား များထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း အသေးစိတ်အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ် ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားလုံးအထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။
ထို့ပြင် မတ်လ ၅ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်အချိန် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်တွင် ပျူစောထီးခေါင်းဆောင်မင်းသိန်း ပစ်ခတ်ခံရကြောင်း၊ ပစ်ခတ်မှုကြောင့် မင်းသိန်း၏ ပေါင်တွင် ဒဏ်ရာရရှိပြီး ဆေးဝါးကုသမှု ခံယူနေကြောင်း သိရှိရသည်။
“ဦးမင်းသိန်းဟာ ဆိုင်ကယ်နဲ့ လောင်းလုံးမြို့ပေါ်က ညောင်ပင်လမ်းဆုံအနီးရောက်လာချိန် ၈နာရီ ၄၀မိနစ်လောက်မှာ ပစ်ခတ်ခံလိုက်ရတာဖြစ်ပါတယ်။ ပေါင်ကိုပဲထိသွားတယ်။ မသေဘူး။ သူက လက်နက်ကိုင်ဆောင်ထားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။