ဖားကန့်တွင် KIA၊ PDF၊ NUG ထောက်ခံပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ မတ် ၇
ဖားကန့်မြို့တွင် ဒေသ ပြည်သူများ ဦးဆောင်ကာ ယနေ့ မတ်လ ၇ ရက်နေ့တွင် KIA၊ PDF၊ NUG ထောက်ခံပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဆန္ဒပြပွဲတွင် ဒေသ ပြည်သူများက KIA PDF တိုက်ပွဲ တိုင်း နိုင်ပါစေ ၊ NUG အစိုးရ ဒို့အစိုးရ ၊ တရားမဝင်ရွေးကောက်ပွဲလူထုအားဖြင့်တိုက်ဖြတ်ကြ ၊ လူထုတိုက်ပွဲ အရှိန်မြင့်ကြ ဘုံရန်သူကို ချေမှုန်းကြ၊ ဖက်ဆစ်စစ်တပ်လုံးဝအုပ်ချုပ်ခွင့်မရစေရ စသည့် ကြွေးကြော်သံများဖြင့် ချီတက်ခဲ့ကြောင်း သိရသည်။



