28 C
Yangon

ခင်ဦးတွင် စစ်ဘေးတိမ်းရှောင်ရင်း အသက် ၉၀ ကျော်အဖွားအို ၁ ဦး အအေးမိသေဆုံး၊ ကလုံကျေးရွာကို စစ်တပ်က စီးနင်းမီးရှို့နေပြီး ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ခင်ဦးတွင် စစ်ဘေးတိမ်းရှောင်ရင်း အသက် ၉၀ ကျော်အဖွားအို ၁ ဦး အအေးမိသေဆုံး၊ ကလုံကျေးရွာကို စစ်တပ်က စီးနင်းမီးရှို့နေပြီး ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ မတ် ၇

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးနေပြီး စစ်ဘေးတိမ်းရှောင်ရင်း အသက် ၉၀ ကျော်အဖွားအို ၁ ဦး အအေးမိသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် သရက်ကုန်း ကျေးရွာမှစစ်ဘေး တိမ်းရှောင်နေသည့် အသက် ၉၀ ကျော်အရွယ် အဖွားအို ဒေါ်ခင်တုပ်သည် တောတွင်း တစ်နေရာ၌ အအေးမိ သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ယနေ့ နံနက်ပိုင်းတွင်လည်း ရေဦးမြို့နယ် အောင်သာယာ ပျူစောထီးရွာမှ ခင်ဦးမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်သည် ကလုံကျေးရွာကို ယနေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးလျက်ရှိ​ကြောင်း သိရှိရသည်။

” သရက်ကုန်းကျေးရွာက စစ်ဘေးရှောင်လာတဲ့ အသက် ၉၀ အရွယ် အဖွားအို ဒေါ်ခင်တုပ် ဒီနေ့ နံနက်ပိုင်းမှာပဲ စစ်ဘေးရှောင်ရင်း တောတွင်း တစ်နေရာမှာ အအေးမိပြီး သေဆုံးသွားတယ်။ ဒီနေ့ နံနက်ပိုင်းမှာလည်း ရေဦးဘက်က လာတဲ့စစ်ခွေးတွေ ကလုံကျေးရွာကို စီးနင်းမီးရှို့နေတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။

ကလုံကျေးရွာကို အကြမ်းဖက် စစ်တပ်က မတ်လ ၆ ရက်နေ့တည်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဝင်ရောက် စီးနင်းခြင်းဖြစ်ကာ အနီးအနားရှိ ကျေးရွာ ၇ ရွာမှ ပြည်သူ ၈၀၀၀ ကျော်သည် လက်ရှိချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article