ဝက်လက်တွင် စစ်တပ် စစ်ကြောင်းကို PDF တပ်ဖွဲ့များ ဝိုင်းဝန်း တိုက်ခိုက်မှု စစ်သား ၁၈ ဦးခန့်သေဆုံး
ရန်ကုန်၊ မတ် ၇
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ပြွန်ဦးရွာနှင့် ဘုရားပြန်ကျေးရွာ အကြားတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို PDF တပ်ဖွဲ့များ ဝိုင်းဝန်း တိုက်ခိုက်ရာ စစ်သား ၁၈ ဦး ခန့်သေဆုံးကြောင်း မန္တလေးခရိုင် တပ်ရင်း ၃ ထံမှ သိရသည်။
မတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် ရွာသာကြီးကျေးရွာမှ အကြမ်းဖက်စစ်သား များသည် သရက်ကြီး ကျေးရွာ၊ ပြွန်ဦးကျေးရွာနှင့် ဘုရားပြန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာကြောင်း၊ ပြည်သူ့ကာ ကွယ် ရေး ပူးပေါင်းတပ်ဖွဲ့က ပြွန်ဦးရွာနှင့်ဘုရားပြန်ကျေးရွာအကြားတွင် စစ်ကြောင်းကို တိုက် ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၈ ဦးခန့်သေ ဆုံး ကာ ၁၅ ဦးထက်မနည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ကူများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာ နိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မန္တလေးခရိုင်တပ်ရင်း ၃ ၊(MDY –PDF) ၊ မန္တလေးခရိုင် တပ်ရင်း ၄ -SAF ၊ Generation Z Power – GZP (ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့) ၊ 96 Soldiers –PDF (အညာဒေသတပ်ခွဲ) ၊ MTG(ဝလ)- လက်နက်ဖွဲ့၊ ABRF(မတ္တရာ) အဖွဲ့နှင့် UGF – MDY တို့ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း မန္တလေးခရိုင် တပ်ရင်း ၃ က ထုတ်ပြန်ထားသည်။