34 C
Yangon

ဝက်လက်တွင် စစ်တပ် စစ်ကြောင်းကို PDF တပ်ဖွဲ့များ ဝိုင်းဝန်း တိုက်ခိုက်မှု စစ်သား ၁၈ ဦးခန့်သေဆုံး

Must read

ဝက်လက်တွင် စစ်တပ် စစ်ကြောင်းကို PDF တပ်ဖွဲ့များ ဝိုင်းဝန်း တိုက်ခိုက်မှု စစ်သား ၁၈ ဦးခန့်သေဆုံး

ရန်ကုန်၊ မတ် ၇

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ပြွန်ဦးရွာနှင့် ဘုရားပြန်ကျေးရွာ အကြားတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို PDF တပ်ဖွဲ့များ ဝိုင်းဝန်း တိုက်ခိုက်ရာ စစ်သား ၁၈ ဦး ခန့်သေဆုံးကြောင်း မန္တလေးခရိုင် တပ်ရင်း ၃ ထံမှ သိရသည်။

မတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် ရွာသာကြီးကျေးရွာမှ အကြမ်းဖက်စစ်သား များသည် သရက်ကြီး ကျေးရွာ၊ ပြွန်ဦးကျေးရွာနှင့် ဘုရားပြန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာ​ကြောင်း၊ ပြည်သူ့ကာ ကွယ် ရေး ပူးပေါင်းတပ်ဖွဲ့က ပြွန်ဦးရွာနှင့်ဘုရားပြန်ကျေးရွာအကြားတွင် စစ်​ကြောင်းကို တိုက် ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၈ ဦးခန့်သေ ဆုံး ကာ ၁၅ ဦးထက်မနည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ကူများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာ နိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မန္တလေးခရိုင်တပ်ရင်း ၃ ၊(MDY –PDF) ၊ မန္တလေးခရိုင် တပ်ရင်း ၄ -SAF ၊ Generation Z Power – GZP (ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့) ၊ 96 Soldiers –PDF (အညာဒေသတပ်ခွဲ) ၊ MTG(ဝလ)- လက်နက်ဖွဲ့၊ ABRF(မတ္တရာ) အဖွဲ့နှင့် UGF – MDY တို့ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း မန္တလေးခရိုင် တပ်ရင်း ၃ က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article