30 C
Yangon

ပလက်ဝနှင့် ရေစကြိုတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး

Must read

ပလက်ဝနှင့် ရေစကြိုတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ မတ် ၈

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကိန်းကန်းကုန်းကျေးရွာနှင့် စခီဟာကျေးရွာကြားရှိ ဗာမီချောင်း လမ်းခု လတ်တစ်နေရာတွင် အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ ၅ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ ကြောင်း CDF – Paletwa ထံမှ သိရသည်။

ယနေ့ မတ်လ ၈ ရက် နေ့တွင် လိုင်းလန်းပီမြို့မှ မတူပီမြို့နယ်၊ ထေဘွေ့စခန်းသို့ အင်အားဖြည့်တင်း ရန်လာရောက်သည့် အကြမ်းဖက်စစ်ကြောင်းအား CDF – Paletwa မှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေလည် ၁ နာရီမှ ၂ နာရီခွဲခန့်အထိကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး ၁၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ CDF – Paletwa တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ချောင်းမြောင်း တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြားထိခိုက်ဒဏ်ရာ ရရှိ ခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၇ ရက်နံနက်က စတင်ပြီး မြိုင်မြို့နယ်၊ ကန်နီ(ပျူ)ရွာမှ အကြမ်းဖက်စစ်သား၊ ပျူစော ထီးအင်အား ၄၀ ခန့်သည် လမ်းကြောင်းတလျှောက်တွေ့ရှိသော ပြည်သူများကို ဓားစာခံဖမ်းဆီးကာ ရေစကြိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်သဖြင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ အနီး ကပ်ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းတို့လုပ်ဆောင်ခဲ့ရာ အကြမ်း ဖက်စစ်သား၊ ပျူစောထီးအများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“လမ်းမှာတွေ့တဲ့သူတွေကို ဓားစာခံဖမ်းဆီးဝင်လာတာ၊ မိန်းကလေးရော၊ ယောက်ျားလေးတွေရောပဲ၊ ၁၀ ယောက်ကျော်လောက်ရှိတယ်၊ Drop Bomb ဗုံးချနဲ့ပြီးတော့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ စစ်ကြောင်း ထွက်သွားပြီးပြီဆိုရင် လမ်းကြောင်းလိုက်ရှင်းတဲ့အခါမှာ သူတို့အသုံးပြုထားတဲ့ ဂွမ်းစတို့၊ ဆေးထိုးအပ် တို့၊ ပတ်တီးတို့ ၊ သွေးကွက်တို့တွေ့တယ်၊ ဘယ်နှစ်ယောက်သေတယ်၊ ဒဏ်ရာရတယ်ဆိုတာ‌တော့ မျက်မြင်မဟုတ်လို့ အတည်ပြုလို့မရဘူး” ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ထိုသို့ စစ်ကြောင်းထိုးရာ လမ်းကြောင်းတလျှောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လိုက်လံ တိုက် ခိုက်ပြီး နယ်မြေရှင်းလင်းစဉ် MA ကျည်အိမ် နှစ်ခု၊ ၅ ဒသမ ၅၆ ကျည် ၂၀၅ တောင့်နှင့် နင်းမိုင်း ၁ လုံး ကို သိမ်းဆည်းရရှိပြီး ဖမ်းဆီးခံထားရသော ဓားစာခံပြည်သူတစ်ဦးတစ်ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရေစကြိုမြို့နယ်-ပကဖ)နှင့် သံမဏိသိန်းငှက် ဒရုန်း တပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါအကြမ်းဖက်စစ်သား၊ ပျူစောထီး များသည် မြေနီကုန်းကျေးရွာအတွင်း ရောက်ရှိတပ်စွဲထားပြီး ပြည်သူပိုင် နေအိမ်များကို မွှေနှောက် ခိုးယူနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article