လောင်းလုံးတွင် ကျောင်းသား လူငယ်များ ဦးဆောင်ကာ စစ်အာဏာရှင် အမြစ်ပြတ် တော်လှန်ရေး ချီတက် သပိတ်မှောက်
ရန်ကုန်၊ မတ် ၁၄
လောင်းလုံးမြို့နယ်တွင် အခြေခံပညာ ကျောင်းသားများသပိတ် ကော်မတီမှ တော်လှန် လူငယ်များ ဦးဆောင်ကာ ယနေ့ မတ်လ ၁၄ ရက်နေ့တွင် စစ်အာဏာရှင် အမြစ်ပြတ် တော်လှန်ရေး ချီတက် သပိတ်မှောက်ခဲ့ကြောင်း သိရသည်။