30 C
Yangon

လန်ဒန်မြို့တွင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားသည့် ရောင်နီ လာရာလမ်း ရုပ်ရှင် စတင်ပြသနေပြီး ရုံပြည့်ရုံလျှံ လာရောက် ကြည့်ရှု့

Must read

လန်ဒန်မြို့တွင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားသည့် ရောင်နီ လာရာလမ်း ရုပ်ရှင် စတင်ပြသနေပြီး ရုံပြည့်ရုံလျှံ လာရောက် ကြည့်ရှု့

ရန်ကုန်၊ မတ် ၁၈

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ The Comedy Store ရုပ်ရှင်ရုံ၌ ယနေ့ မတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်၌ ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားသည့် ရောင်နီလာရာလမ်း ရုပ်ရှင်ပြသနေပြီး ရုံပြည့်ရုံလျှံ လာရောက် ကြည့်ရှု့ ကြကြောင်း သိရသည်။

အခမ်းအနားပွဲသို့ လန်ဒန်မြို့၌ အလုပ်တာဝန်ဖြင့် ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးဝင်းမြတ်အေးမှလည်း တက်ရောက် အားပေးစကား ပြောကြားခဲ့ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး နှင့် ယူကေနိူင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာသက်ကိုကိုတို့မှလည်း နှုတ်ဆက်များ ပြောကြားခဲ့ကြောင်း သိရသည်။

ရုပ်ရှင်ပြပွဲသို့ ယူကေရောက် တော်လှန်ရေး ညီအစ်ကို မောင်နှမများ ရုံပြည့်ရုံလျှံ လာရောက်အားပေးခဲ့ကြပြီး ဆီထမင်း၊ ပုဇွန်ကြော်၊ တို့ဟူးကြော်၊ စမူဆာ၊ အီကြာကွေး၊ ဘယာကြော်၊ မြန်မာလက်ဘက်ရည်၊ ကော်ဖီ အစရှိသော စားသောက်ဖွယ်ရာများဖြင့် စတုဒီသာကျွေးမွေးခဲ့ကြောင်း၊ ဒါရိုက်တာ ကိုပေါက်နှင့် ပရိတ်သတ်များမှလည်း online မှ တွေ့ဆုံခဲ့ပြီး တော်လှန်ရေး ရန်ပုံငွေများ ထည့်ဝင်လှူဒါန်း ခဲ့ကြကြောင်း၊ ပြပွဲကို ဒါရိုက်တာ ကိုပေါက်၏ မိုးခါးရေ သီချင်းကို ပရိတ်သတ်နှင့်အတူ သီဆို၍ ယူကေစံတော်ချိန် ညနေ ၄ နာရီတွင် အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article