33 C
Yangon

ပခုက္ကူခရိုင် PDF ၏ စခန်း ၁ ခုကို စစ်တပ်က MI 35 ၁ စီး၊ မြေပြင် အင်အား ၁၀၀ ကျော်တို့ဖြင့် တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီး၊ ငွေကျပ် သိန်း ၈၀၀ ကျော် ပျက်စီးဆုံးရှုံး

Must read

ပခုက္ကူခရိုင် PDF ၏ စခန်း ၁ ခုကို စစ်တပ်က MI 35 ၁ စီး၊ မြေပြင် အင်အား ၁၀၀ ကျော်တို့ဖြင့် တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီး၊ ငွေကျပ် သိန်း ၈၀၀ ကျော် ပျက်စီးဆုံးရှုံး

ရန်ကုန်၊ မတ် ၂၀

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ပခုက္ကူခရိုင် PDF ၏ စခန်း ၁ ခုကို စစ်တပ်က MI 35 ရဟတ်ယာဥ် ၁ စီး၊ မြေပြင် အင်အား ၁၀၀ ကျော်တို့ဖြင့် တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးသွားကြောင်း ပခုက္ကူခရိုင် တပ်ရင်း ၁၄ တပ်ခွဲ ၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၇ ရက်နေ့တွင် ပေါက်မြို့နယ် မြောက်ပိုင်းရှိ ပခုက္ကူခရိုင် တပ်ရင်း ၁၄ တပ်ခွဲ ၂ (Black Guerrilla Force) ၏ တပ်စခန်းကို အကြမ်းဖက် စစ်တပ်က MI 35 ရဟတ်ယာဥ် ၁ စီးဖြင့် ပစ်ခတ်ကာ မြေပြင် အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုး စီးနင်းခဲ့ပြီး မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

” ၁၇ ရက်နေ့က စခန်းကို စစ်ခွေးတွေ ‌ဝင်စီးလို့ပါ။ လေကြောင်းရော မြေပြင်ပါ ဝင်တာပါ။ မြေပြင်က စစ်ခွေး အင်အား ၁၀၀ ကျော်တယ်။ လူထိခိုက်တာတော့မရှိပါဘူးဗျ။ စခန်းတစ်ခုလုံးတော့ ရစရာမရှိအောင် မီးရှို့သွားပါတယ်။ ကျွန်တော်တို့ ကင်းတွေက စစ်ခွေးတွေကို တွေ့တာစောသွားလို့ လွတ်တာပါ။ ဆုံးရှုံးမှုကတော့ ကျပ်သိန်း ၈၀၀ လောက်ရှိတယ်” ဟု ပခုက္ကူခရိုင် တပ်ရင်း ၁၄ တပ်ခွဲ ၂ က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

စစ်တပ် စစ်ကြောင်း မီးရှို့ဖျက်ဆီးမှုကြောင့် ပခုက္ကူခရိုင် တပ်ရင်း ၁၄ တပ်ခွဲ ၂ က ကိုယ်တိုင် ထုတ်လုပ်နေသည့် လက်နက်ကြီး ထိပ်ဖူး ၅၀၀ ကေျာ်နှင့် လောင်ချာ ထိပ်ဖူးများပါ ပျက်စီးဆုံးရှုံးခဲ့​ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article