28 C
Yangon

ဒီးမော့ဆို၊ တနီးလာလဲတောင်မှ ပြန်ဆုတ်သော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ဒီးမော့ဆို၊ တနီးလာလဲတောင်မှ ပြန်ဆုတ်သော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ မတ် ၂၀

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းရှိ တနီးလာလဲတောင်မှ ပြန်ဆုတ် လာသော အကြမ်းဖက် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ခဲ့ကြောင်း KNDF တပ်ရင်း ၉ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၁၉ ရက်နံနက် ၄ နာရီခန့်က ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်း တနီးလာလဲတောင်မှ ဆုတ် ခွာလာသော အကြမ်း ဖက်စစ်ကြောင်းကို KA ၊ KNDF တပ်ဖွဲ့မှ လိုက်လံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ နံနက် ၆ နာရီမှ ၈ နာရီခန့်အထိ ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးကာ MA 1 သေနတ် ၂ လက်၊ ၁၄ မိုင်း ၂၀ ၊ ရှေ့ထွက်မိုင်း ၂ လုံး၊ RPG 7 ၆ လုံး၊ ကျည် ဘောက် ၉ ခု၊ စက်ကလေးကျည် ဘောက် ၄ ခု၊ ဗမာကျည် ၁၄၉၇ တောင့်၊ ငါးကြင်းမြီး ၃၅၀ တောင့်၊ G3 ကျည် ၅၉၆ တောင့်နှင့် လက် ပစ်ဗုံး တစ်လုံး တို့ကို သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

“ပြန်ဆုတ်မယ်ဆိုတာ သတင်းကြိုရထားလို့ စောင့်တိုက်တာ၊ အဖွဲ့နှစ်ဖွဲ့ နှစ်ဖက် ညှပ်ပိတ်တိုက်ခိုက်ခဲ့ တာပေါ့၊ ခွေးတွေ ဒေါခမီးဘက်ကို ပြန်ဆုတ် ပြေးသွား တယ်၊ အခုတိုက်ပွဲဖြစ်ခဲ့တဲ့ ၅၁၃ တပ်က အပြင်က နေ လာတဲ့ စစ်သားတွေ၊ ဒီနေ့တော့ ဒေါ့ခမီဘက်ကို စစ်ကြောင်း ပြန်ထိုးလာနေတယ်၊အရင်က စစ် ကြောင်း ၃ ကြောင်းကနေ အခုပေါင်းသွားပြီးတော့ နှစ်ကြောင်းထဲဖြစ်သွားပြီ”ဟု KNDF တပ်ရင်း ၉ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းသို့ အကြမ်းဖက်စစ်တပ်က အမြောက်တပ်မှ စစ် ကြောင်းတစ်ကြောင်း၊ ၄၂၇ တပ်မှ စစ်ကြောင်းတစ်ကြောင်း၊ နန်းဟူကွေ့ရှိ စစ်တပ်မှ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း စစ် ကြောင်း ၃ ကြောင်း သည် အခြားတပ်ရင်းတပ်ဖွဲ့များနှင့်ပူးပေါင်းကာ စစ်ကြောင်းထိုးနေခြင်းဖြစ် ကြောင်း၊ အကြမ်းဖက်စစ်သားများကို ခုခံတိုက်ခိုက်နိုင်ရန် ကျည်များစွာလိုအပ်နေပြီး KNDF တပ်ရင်း ၉ မှ ယခုလုပ်ဆောင်လျက်ရှိသော “ထိုးစစ်ခံ လှပဖို့ ကျည်ဆံများဖြင့် အားဖြည့်စို့” ပရောဂျက်သည်လည်း ၂၂ ရာခိုင်နှုန်း ခန့်သာ ရရှိ ထားသေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article