24 C
Yangon

စဉ့်ကူးတွင် ရွှေလုပ်ကွက် စစ်ဆေးပြီး ပြန်လာသည့် စစ်ကားတန်းကို မိုင်းဆွဲမှု စစ်သား ၄ ဦးသေဆုံး၊ ပေါက်မြို့နယ်၊ ဇီးပြားရဲစခန်းနှင့် သရော်ကိုင်း ပျူရွာကို PDF များက တိုက်ခိုက်

Must read

စဉ့်ကူးတွင် ရွှေလုပ်ကွက် စစ်ဆေးပြီး ပြန်လာသည့် စစ်ကားတန်းကို မိုင်းဆွဲမှု စစ်သား ၄ ဦးသေဆုံး၊ ပေါက်မြို့နယ်၊ ဇီးပြားရဲစခန်းနှင့် သရော်ကိုင်း ပျူရွာကို PDF များက တိုက်ခိုက်

ရန်ကုန်၊ မတ် ၂၀

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် ရွှေလုပ်ကွက် စစ်ဆေးပြီး ပြန်လာသည့် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် စဉ့်ကူးမြို့နယ် အတွင်းရှိ ရွှေလုပ် ကွက်များကို စစ်ဆေးပြီး ပြန်လာသည့် ကား ၆ စီးပါ စစ်တပ် ယာဉ်တန်းကို နွယ်ရုံကျေးရွာနှင့် ရေမျက်ကျေးရွာ အကြားတွင် ဗိုလ်လင်းယုန်တပ်ဖွဲ့ (ပြင်ဦး လွင် ခရိုင် ပကဖ)က ပဒေသာမိုင်း ၇ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကား ၆ စီး အနက် ၃ စီးမှာ မိုင်းထိမှန်ခဲ့ပြီး ကား ၁ စီးမှာ စက်နှိုး၍ မ‌ရအောင် ထိ ခိုက် ပျက်စီးသွားကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်သားများက ဘေးပတ် ဝန်းကျင်သို့ ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော် များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

” စစ်တွေ ရမ်းသမ်း ပစ်ခတ်တာ ရေမျက်ရွာသား ၁ ဦး ပေါင်ကျည် မှန်သွား တယ်ဆိုပြီး ရေမျက်ရွာသားတွေကို ပုဆိုးလှန်ခိုင်းပြီး စစ်ဆေးတာတွေ လုပ်နေ တယ်။ မိုင်းကွဲတဲ့ အနီးနားက နေအိမ်တွေကိုလည်း စစ်ခွေးတွေက ဝင်ရောက် မွှေ နှောက်တာတွေ လုပ်တယ်။ ရွှေတိုငွေစတွေကို ယူဆောင်သွား​တယ်။ နွယ်ရုံ ကနေ ရေမျက် သွားတဲ့ လမ်းထိပ်တွေမှာ စစ်ဆေးတာတွေ လုပ်ဆောင်ပြီး ဆိုင် ကယ် ၂ စီးကို သိမ်းယူသွား‌တယ်လို့ သိရတယ်” ဟု ဗိုလ်လင်းယုန်တပ်ဖွဲ့ (ပြင် ဦး လွင်ခရိုင် ပကဖ)မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြား ရဲစခန်းနှင့် သရော်ကိုင်း ပျူစော ထီးကျေးရွာကို PDF တပ်များက ယနေ့ နံနက်ပိုင်း ဝင်ရောက်တိုက်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်လင်္ကျာက ပြောဆိုသည်။

မတ်လ ၂၀ ရက်နေ့ နံနက် ၅ နာရီ ၄၀ မိနစ်အချိန်တွင် ဇီးပြားရဲစခန်းနှင့် သ ရော် ကိုင်းပျူကျေးရွာကို PDF များက စတင်တိုက်ခိုက်ခဲ့ရာတွင် စစ်တပ် နှင့်ပျူစောထီးများက ခံစစ်သေချာပြင်ဆင်ထားရှိသောကြောင့် စစ်တပ်ဘက်မှ အနည်းငယ်သာ ထိခိုက်နိုင်ကြောင်း၊ အနီးကပ်တိုက်ခိုက်သိမ်းပိုက်ရန်အတွက် ရဲစခန်းနှင့်ပျူရွာကို ချဉ်းကပ်စဉ် PDF ကာကွယ်ရေးရဲဘော်နှစ်ဦး ထိခိုက် ဒဏ် ရာရှိကြောင်း၊ စစ်တပ်က ပေါက်မြို့နယ်ချောင်းကူးရွာဘက်မှ ၁၂၀ မမ လက် နက် ကြီးများဖြင့် အဆက်မပြတ် စစ်ကူပေးနေ၍ ယနေ့ နံနက် ၉ နာရီ ၁၀ မိနစ် အချိန် တွင် ပြန်လည် ဆုတ်ခွာခဲ့ရ ကြောင်း သိရှိရသည်။

စစ်ဆင်ရေးတိုက်ခိုက်မှု UURF YSO ရေစကြို၊ 27RF MGN မြင်းခြံ၊ ‌ တိမ်လွှာ မုတ်ဆိတ် ပေါက်ကာကွယ်ရေးအဖွဲ့၊ မြိုင် ပကဖ တပ်ရင်း၊ တပ်ခွဲ၊တပ်စိတ်များ၊ ပေါက်ကာကွယ်ရေး ဗိုလ်ရိုးမတပ်ခွဲ ၂ နှင့် ပေါက်ကျေးရွာ ကာကွယ် ရေး အဖွဲ့ များပူး ပေါင်း၍ တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article