32 C
Yangon

ကရင်ပြည်နယ်၊ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေတွင် မတ်လ လဝက်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ အရာရှိ၊ အရာခံ ၂ ဦး အပါအဝင် စစ်သား ၃၁ ဦးသေဆုံး

Must read

ကရင်ပြည်နယ်၊ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေတွင် မတ်လ လဝက်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ အရာရှိ၊ အရာခံ ၂ ဦး အပါအဝင် စစ်သား ၃၁ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၀

ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ တပ်မဟာ ၅ ထိန်းချုပ် နယ်မြေအတွင်း ၁၅ ရက်တာ ဖြစ်ပွားခဲ့သောထိတွေ့တိုက်ပွဲများအတွင်း အရာရှိ၊ အရာခံ ၂ ဦး အပါအဝင် စစ်သား ၃၁ ဦးသေဆုံးကြောင်း KUN-မူတြော် သတင်းစဥ်ထံမှ သိရသည်။

မတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ မူတြော်ခရိုင်၊ KNU တပ်မဟာ ၅ ထိန်းချုပ် နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) အမှတ် ၅ တပ်မဟာ တပ်ဖွဲ့ဝင်နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ ၇၂ ကြိမ် ဖြစ်ပွားပြီး ဒု-ဗိုလ် ၁ ဦး၊ ဒု-အရာခံဗိုလ် ၁ ဦး အပါအဝင် တပ်သား ၃၁ ဦးသေဆုံးကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်၏ မော်တော်ကား ၃ စီးနှင့် ဆိုင်ကယ် ၁ စီးကို ဖျက်ဆီးနိုင်ခဲ့​ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ခြေလျင်တပ်များက ပြည်သူများ၏ လယ်ယာ၊ တောင်ယာနှင့် ကျေးရွာများကို လက်နက်ကြီးကျည် ၂၀ လုံး ပစ်ခတ်ခဲ့ပြီး ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KUN-မူတြော် သတင်းစဥ်က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article