31 C
Yangon

စမ်းချောင်းတွင် စစ်ထောက်လှမ်းရေးအတွက် အလုပ်လုပ်နေသူ ဝင့်မိုးအောင် ပစ်ခတ်ခံရပြီး သေဆုံး၊ သေဆုံးသူမှာ ဒုတိယဗိုလ်မှူးကြီး၏ သားဖြစ်ပြီး ယောက်ဖ ဖြစ်သူမှာ စစ်အင်ဂျင်နီယာ ဗိုလ်မှူးရာထူးဖြင့် တာဝန်ထမ်းဆောင်နေ

Must read

စမ်းချောင်းတွင် စစ်ထောက်လှမ်းရေးအတွက် အလုပ်လုပ်နေသူ ဝင့်မိုးအောင် ပစ်ခတ်ခံရပြီး သေဆုံး၊ သေဆုံးသူမှာ ဒုတိယဗိုလ်မှူးကြီး၏ သားဖြစ်ပြီး ယောက်ဖ ဖြစ်သူမှာ စစ်အင်ဂျင်နီယာ ဗိုလ်မှူးရာထူးဖြင့် တာဝန်ထမ်းဆောင်နေ

ရန်ကုန်၊ မတ် ၂၀

ရန်ကုန်တိုင်း၊စမ်းချောင်းမြို့နယ်တွင် စစ်ထောက်လှမ်းရေးအတွက် အလုပ် လုပ် ပြီး တော်လှန်ရေး ရဲဘော်များကို ဖမ်းဆီးခြင်း၊ CDM ဆေးတက္ကသိုလ် ကျောင်း သား၊ ကျောင်း သူ များ၊ ဆရာ၊ ဆရာများကို ဖမ်းဆီးရာတွင် ဦးဆောင် ပါဝင်ခဲ့ သူ ဝင့်မိုးအောင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ရန်ကုန်မြို့ပြ တော်လှန် ရေး အဖွဲ့က ပြောသည်။

ယနေ့ ညနေ ၅ နာရီကျော်အချိန် စမ်းချောင်းမြို့နယ်၊ ဆီးဆုံလမ်းတွင် နေထိုင် သူ ဝင့်မိုးအောင် ပစ်ခတ်ခံရ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် စမ်းချောင်းမြို့နယ်၊ ဆီးဆုံလမ်း၊ ဗဟိုလမ်းကို စစ်တပ်က ပိတ်ဆို့ထားကြောင်း သိရှိရသည်။

” ညနေ ၅ နာရီကျော်က သေနတ်သံ ၄ ချက်ကြားတယ်။ စမ်းချောင်းမှာ UG တွေ ကို ဖမ်းတာရော၊ ဆေးကျောင်းမှာ CDM ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ တွေကို ဖမ်းတာမှာ ရော သူ လုပ်ခဲ့တာ။ စစ်ထောက်လှမ်းရေး အတွက် အလုပ်လုပ်နေတာ။ အခုတော့ စစ် ကားတွေ DC ကားတွေရော အ များ ကြီး ရောက်ပြီး ဆီဆုံလမ်းကို ပိတ်ထား တယ်။ စမ်းချောင်းဘက်မှာ အခု စစ်ခွေးတွေ အရမ်းရှုပ်နေတယ်” ဟု ရန်ကုန်ကင်းထောက်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဝင့်မိုးအောင်သည် ဒုတိယဗိုလ်မှူးကြီး ၏ သားဖြစ်ပြီး မောင်နှမ ၃ ဦးတွင် အ ငယ် ဆုံးဖြစ်ကြောင်း၊ ဆေးတက္ကသိုလ်တွင် ကျောင်းတက်နေသူဖြစ်ကြောင်း၊ စစ်အာဏာသိမ်းချိန်တွင် ၎င်းက စစ်ထောက်လှမ်းရေးအဖွဲ့တွင် ထဲထဲဝင်ဝင် ပါဝင်အလုပ် လုပ်ပြီး CDM ဆေးကျောင်းသား ကျောင်းသူများ၊CDM ဆေး တက္က သိုလ် ဆရာ၊ ဆရာမများ၊ စစ်အာဏာရှင်တော်လှန်ရေး UG ရဲဘော်များ ကို ဖမ်းဆီးတွင် ပါဝင်ခဲ့သူ ဖြစ်ကြောင်း သိရှိရသည်။

“၂၀၁၉ ခုနှစ်မှာ ဝင့်မိုးအောင်က ၁၀ တန်းမှာ ဂုဏ်ထူးတွေထွက်တော့ စိုးဝင်း ကိုယ်တိုင် ဆုချတာ။ သူ့အမ အကြီးဆုံးကလည်း စစ်အင်ဂျင်နီယာ ဗိုလ်မှူးနဲ့ ယူထားတာ။ ဝင့်မိုးအောင် ကိုယ်တိုင် စစ်ထောက်လှမ်းရေးအတွက် အလုပ် လုပ် နေတာ။ UG တွေ ဖမ်းသွားခဲ့တာလည်း အများကြီးပဲ။ သူပဲ ဦးဆောင်တယ်။ မြေပြင်မှာ သတင်းထောက်လှမ်းတာ သူက ။ ဆေးတက္ကသိုလ် CDM တွေ ဖမ်း တာမှာလည်း သူက ဦးဆောင်ပါဝင်တယ် ” ဟု ရန်ကုန်မြို့ပြ တော်လှန်ရေး သတင်း ရင်းမြစ်က ပြောသည်။

ရန်ကုန်မြို့ပြတော်လှန်ရေးအဖွဲ့တစ်ခုက စစ်ထောက်လှမ်းရေးအတွက် ဝင့်မိုး အောင် အလုပ်လုပ်ခဲ့သော သက်သေ အထောက်အထားများရှိကြောင်း ပြောဆို ပြီး ရန်ကုန်ခေတ်သစ်အနေဖြင့်မူ မြေပြင် အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article