မြင်းခြံတွင် ရဲ ၁၀ ဦး လိုက်ပါလာသည့် အိမ်စီးကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ၆ ဦးသေဆုံး
ရန်ကုန်၊ မတ် ၂၀
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ရဲ ၁၀ ဦး လိုက်ပါလာသည့် အိမ်စီးကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ရဲ ၆ ဦးသေဆုံးခဲ့ကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာဘက်မှ မြင်းခြံမြို့ဘက်သို့ မောင်းနှင်လာသည့် ရဲ ၁၀ ဦးလိုက်ပါလာသော အိမ်စီးကား ၁ စီးကို ထိန်ပင်ရွာထိပ် အရောက်၌ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) က ပဒေသာမိုင်း ၁၅ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့သောကြောင့် ရဲ ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“နဘူးအိုင်ဘက်ကနေ မြင်းခြံမြို့ကို မောင်းနှင်လာတဲ့ ရဲခွေး ၁၀ ကောင်ပါတဲ့ အိမ်စီးကား ၁ စီးကို ထိန်ပင်ရွာထိပ်အရောက်မှာ ပဒေသာမိုင်း ၁၅ နဲ့ မိုင်းဆွဲ တိုက်ခိုက်တာ ၆ ကောင်ထပ် မနည်းသေဆုံးတယ်” ဟု နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
Photo – REUTERS