34 C
Yangon

သမီးဖြစ်သူကို လဲကျအောင် လုပ်သည်ဟုဆိုကာ ပဲခူး အမှတ် ၃ ရဲစခန်းမှ နယ်ထိန်းရဲ မြင့်လွင်က အသက် ၁၃ နှစ်အရွယ် ကစ်ရှနားကို ကိုင်ပေါက်၊ ကစ်ရှနား ဆေးရုံတင်ထားရပြီး ကျူးလွန်သူ နယ်ထိန်းရဲကို အမှုဖွင့်မရ

Must read

သမီးဖြစ်သူကို လဲကျအောင် လုပ်သည်ဟုဆိုကာ ပဲခူး အမှတ် ၃ ရဲစခန်းမှ နယ်ထိန်းရဲ မြင့်လွင်က အသက် ၁၃ နှစ်အရွယ် ကစ်ရှနားကို ကိုင်ပေါက်၊ ကစ်ရှနား ဆေးရုံတင်ထားရပြီး ကျူးလွန်သူ နယ်ထိန်းရဲကို အမှုဖွင့်မရ

ရန်ကုန်၊ မတ် ၂၀

ပဲခူးတိုင်း ပဲခူးမြို့ ကျွန်းသာယာရပ်ကွက် နီလာလမ်းတွင် သမီးဖြစ်သူကို လဲကျအောင် လုပ်သည်ဟုဆိုကာ ပဲခူးမြို့ အမှတ် ၃ ရဲစခန်းမှ နယ်ထိန်းရဲ မြင့်လွင်က အသက် ၁၃ နှစ်အရွယ် ကစ်ရှနားကို ကိုင်ပေါက်ရိုက်နှက်ရာ ရိုက်နှက်ကိုင်ပေါက်ခံရသူ ကစ်ရှနား ဆေးရုံတင်ထားရပြီး ရိုက်နှက်သည့် နယ်ထိန်းရဲကို အမှုဖွင့်မရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

မတ်လ ၁၉ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် ဟိန္ဒူလူမျိုး အသက် ၁၃ နှစ်အရွယ် ကစ်ရှနားသည် ညဘက် မီးပျက်ချိန် စက်ဘီးစီးလာစဉ် လမ်းပေါ်တွင် ဆော့ကစားနေသည့် နယ်ထိန်းရဲ မြင့်လွင်၏ သမီးကို မမြင်ဘဲ တိုက်မိခဲ့ကြောင်း၊ မြင့်လွင်၏ သမီးဖြစ်သူမှာ အထွေအထူး ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း၊ နယ်ထိန်းရဲ မြင့်လွင်က သမီးဖြစ်သူကို ထိခိုက်သည်ဟုဆိုကာ ကလေးငယ် ကစ်ရှနားကို လမ်းပေါ်သို့ ကိုင်ပေါက်ရိုက်နှက်ခဲ့ကြောင်း သိရှိရသည်။

နယ်ထိန်းရဲ မြင့်လွင်က ကစ်ရှနားကို ကိုင်မြှောက်၍ ၂ ကြိမ်တိုင်တိုင် ကွန်ကရစ်လမ်းပေါ်သို့ ကိုင်ပေါက်ရိုက်နှက်သည့် အတွက် အပြင်းအထန်ဒဏ်ရာရရှိကာ စိုးရိမ်ရ ဒဏ်ရာဖြင့် ဆေးရုံတင်ကုသနေရကြောင်း၊ လက်ရှိ ကစ်ရှနား သည် သွား ၃ ချောင်း ကျိုးကာ နှုတ်ခမ်းပေါက်ပြဲ ဦးခေါင်းမူးဝေ ဝေဒနာများ ခံစားနေရကြောင်း၊ မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းအထိ ပါးစပ်မှ သွေးများ အန်နေကြောင်း သိရှိရသည်။

“ အမှတ် ၃ နယ်ထိမ်း မြင့်လွင် ပဲခူးမြို့ ကျွန်းသာယာရပ်ကွက် နီလာလမ်း နေသူဟာ သူ့အိမ်ရှေ့မှာ သူ့သမီးနဲ့ အတူရှိနေပါတယ်။ ည ၈ နာရီအချိန် ရပ်ကွက်မှာ မီးပျက်နေပါတယ် ။ အဝေရာလမ်းနေတဲ့ ဟိန္ဒူလူမျိုး အသက် ၁၃ နှစ်အရွယ်ကရှစ်နားက အသုတ်ဝယ်ပြီး စက်ဘီးစီးပြန်လာတာ။ ကလေးသဘာဝအရ စက်ဘီးကို လက်လွှတ်စီးရင် လမ်းပေါ် ကစားနေတဲ့ နယ်ထိန်းရဲ့ သမီးကို မမြင်ဘဲ ဝင်တိုက်မိလို့ နယ်ထိန်းရဲသမီးလေး လဲသွားတယ်။ နယ်ထိန်းက စက်ဘီးစီးလာတဲ့ ကလေးကို သူ့သမီးကို စက်ဘီးနဲ့ တိုက်ရပါ့မလားဆိုပြီး ကိုယ်လုံးကို ကိုင်မြှောက်ကာ ၂ ကြိမ်တိတိ ကွန်ကရစ်ပေါ်ကို ကိုင်ပေါက်ကာ ရိုက်တယ်။ ရွယ်တူကလေးတစ်ယောက်က မလုပ်ပါနဲ့ ဆိုပြီး ဝင်ဆွဲ ထမ်းပြေးခဲ့ရတယ်” ဟု ရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးက ဖြစ်စဉ်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

နယ်ထိန်းရဲ မြင့်လွင်၏ ယောက်ဖ ဖြစ်သူနှင့် အစ်မ ကျောင်းဆရာမ ဒေါ်မြင့်သန်းက ကစ်ရှနား၏ မိဘများကို ငွေကြေးပေးပြီး အမှု ကျေအေးရန် ကြိုးစားကြောင်း၊ ကစ်ရှနား မိဘများကလည်း ကလေးငယ်ကို ကိုင်ပေါက်သူ နယ်ထိန်းရဲမြင့်လွင်ကို အမှုဖွင့်ရန် ကြိုးပမ်းသော်လည်း ရဲစခန်းက အမှုဖွင့်မပေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article