ရှမ်း-ကယားနယ်စပ် တိုက်ပွဲ ၅ ရက်အတွင်း စစ်တပ်မှ ဒုဗိုလ်မှူးကြီး လင်းလင်း ထွန်း အပါအဝင် စစ်သား ၈၈ ဦးကျော်သေဆုံးပြီး စစ်သား ၆ ဦးလက်နက်ချ အညံ့ခံဟု NUG ကြေညာ
ရန်ကုန်၊မတ် ၂၀
ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက် လာသော အကြမ်းဖက် စစ်တပ်မှ ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လင်းလင်း ထွန်း အပါအဝင် ၈၈ ဦးကျော်သေဆုံးပြီး ၁၀ ဦး ကျော် ဒဏ်ရာရရှိကာ ၆ ဦး လက် နက်ချအညံ့ခံခဲ့ကြောင်း NUG ကာကွယ် ရေးဝန်ကြီးဌာနထံမှ သိရ သည်။
မတ်လ ၈ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အတွင်းသို့ အကြမ်းဖက်စစ်တပ် တပ်မ ၆၆ လက်အောက်ခံတပ်ရင်းများ၊ အမှတ် ၂ စစ် ဆင်ရေး ကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ တပ်ရင်း များ၊ အမှတ် ၇ စစ်ဆင်ရး ကွပ် ကဲမှုဌာနချုပ် လက်အောက်ခံ တပ်ရင်းများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းများဖြင့် အင်အားအများအပြားသုံးကာ ထိုးစစ် ဆင် ဝင်ရောက် ခဲ့ရာ KA၊ KNDF ၊ PDF ပူးပေါင်းတပ်ဖွဲ့များမှ အပြင်း အထန် ခုခံ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ၏ ထိုးစစ်ကို ခုခံတိုက်ခိုက်မှုသည် မတ်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့ အထိ ကြာမြင့်ခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း အကြမ်း စစ်တပ်မှ ယာယီ တပ် ရင်း မှူး များအပါအဝင် ၈၈ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိကာ လက် နက် ချအညံ့ခံသူ ၆ ဦးရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်မှ အသုံးပြုသော MA3 ၃ လက်၊ MA1 ၂ လက်၊ RPG ၂ လက်၊ ၆၀ မမ ၃ လက်၊ ငါးကြင်းမြီး စက်သေ နတ် ၁ လက်အပါအဝင် ခဲယမ်းအမြောက် အများနှင့် ငွေ ၅ သိန်းကျပ် သိမ်း ဆည်း ရရှိခဲ့ကြောင်း သိရသည်။
မတ်လ ၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဖယ်ခုံမြို့နယ်၊ ခေါင်းအိရွာနှင့် ရွှေပြည် အေးအနီးတွင်လည်း ကောင်း၊ မတ်လ ၉ ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မူဆို ကျေး ရွာအနီးရှိ ခမရ ၅၂၈ တပ်ရင်းအနီးတွင် လည်းကောင်း၊ မတ်လ ၁၀ ရက်နေ့တွင် ပင်လောင်းမြို့နယ်၊ လုံးပြင်ရွာအနီးတွင်လည်းကောင်း၊ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်း ဖက်စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရသည်။
အလားတူ မတ်လ ၁၁ ရက်နေ့လည် ၁၂ နာရီခန့်မှ ၃ နာရီခန့်အထိ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအရှေ့ ဖက် ကမ်း၊ ဆင်ဖြူရွာ အရှေ့ဘက် တိုက်ပွဲတွင် ခမရ ၄၂၃ တပ်မှ ယာယီ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လင်းလင်းထွန်းအပါအဝင် အကြမ်း ဖက် စစ်သား ၂၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအမြောက် အများ နှင့်အတူ ၅ ဦး အရှင် ဖမ်းမိခဲ့ကြောင်း၊ မတ်လ ၁၁ ရက်နေ့ ပင်ဖယ်ခုံမြို့နယ်၊ လွယ်ပေါတောင် ပေါ်တိုက် ပွဲတွင် အကြမ်းဖက်စစ်သား ၂၀ ဦးသေဆုံးပြီး အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်၊ ရဟတ်ယာဉ် များဖြင့်ပစ်ကူပေးခဲ့သည်ဟု ဆိုသည်။
မတ်လ ၁၂ ရက်နေ့တွင်မူ ပင်လောင်းမြို့နယ်၊ ဘုန်းကြီးကျောင်းတစ်ခု၌ တပ်စွဲ ထား သည့် ကြမ်းဖက် စစ် သားများကို စနိုက်ပါဖြင့် ပစ်ခတ်ရာ ၆ ဦးသေဆုံးခဲ့ ကြောင်း၊ အလားတူ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအရှေ့ဘက် ကမ်းတိုက်ပွဲတွင် အကြမ်း ဖက်စစ်သား ၁၉ ဦးသေဆုံးပြီး စစ်သား ၁ ဦးအရှင်ဖမ်းမိခဲ့ကြောင်း၊ ထို့အပြင် ရွှေစမ်းရွာတာဝါတိုင်ကုန်း တိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၁၂ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။