30 C
Yangon

ကျောက်ပန်းတောင်းနှင့် တောင်သာတွင် အုပ်ချုပ်ရေးမှူး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ကျောက်ပန်းတောင်းနှင့် တောင်သာတွင် အုပ်ချုပ်ရေးမှူး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မတ် ၂၀

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြင်သာတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး လှိုင်းမင်းဦး ပစ် ခတ် ခံရပြီး သေဆုံးသွားကြောင်း ပုဂံပြည် ဘီလူးတပ်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၀ ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ်၊ မြင်သာတောင်ကျေးရွာ၊ အုပ်ချုပ်ရေးမှူး လှိုင်မင်းဦးကို ပုဂံပြည် ဘီလူးတပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေနတ်ကျည် ၃ ချက် ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော လှိုင်မင်းဦးသည် မြင်သာတောင် ကျေးရွာမှ လူငယ် ၅ ဦးကို ပျူစောထီး သင်တန်းတက်ခိုင်းပြီး လက်နက် ရရှိရန် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ကျေးရွာနေ ပြည်သူများဆီမှ အတင်းအဓမ္မ မီတာကောက်ခြင်း၊ မြင်သာတောင်ကို စစ်ကြောင်းထိုးလာသည့် စစ်သားများအား လမ်းပြပြုလုပ်ခြင်းများ လုပ်ဆောင်ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မကျီးပင်ရွာ အုပ်ချုပ်ရေးမှူး သာမောင်ကို ယနေ့ မတ်လ ၂၀ ရက်နေ့တွင် တောင်သားတော်လှန်ရေး အင်အား စု နှင့် ပုဂံပြည် ဘီလူးတပ်တို့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော သာမောင်သည် မိုင်းကွင်းများကို စစ်သားများအား လိုက်ပြခြင်း​၊ ကျေးရွာနေပြည်သူများကို ဖိနှိပ်ခြင်းများကြောင့် ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ပုဂံပြည် ဘီလူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article