24 C
Yangon

ထားဝယ်မြို့နယ်၊ အောက်ကျောက်ဝပ်နှင့် ညောပြင်ရွာကို စစ်ကောင်စီတပ်က မီးတင်ရှို့နေ

Must read

ထားဝယ်မြို့နယ်၊ အောက်ကျောက်ဝပ်နှင့် ညောပြင်ရွာကို စစ်ကောင်စီတပ်က မီးတင်ရှို့နေ

ရန်ကုန်၊ မတ် ၂၁

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲက ညောပြင်ရွာနဲ့ အောက် ကျောက်ဝပ်ရွာတွေမှာ စစ်ကောင်စီတပ်သားတွေရောက်နေပြီး နေအိမ် တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က ညောပြင်ရွာမှာ စတင်မီးရှို့ခဲ့တာဖြစ်ပြီး အောက် ကျောက်ဝပ်ရွာ မှာက မွန်းတည့် ၁ နာရီလောက်မှာ စရှို့ တယ်လို့ ဒေသခံ တွေကပြောပါတယ်။

လက်ရှိအချိန်အထိ နေအိမ်တွေမီးလောင်နေတုန်းဖြစ်ပြီး နေအိမ်အများအပြား မီးလောင် ပြာကျသွားပြီလို့ဒေသခံတွေက ပြောပါတယ်။

“တော်တော်များပါတယ် မီးလုံးကြီးတက်နေတာ။ ရွာတခြမ်းလုံးပဲဗျာ”လို့ ညောပြင် ရွာကခြေအနေကို ​ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

လက်ရှိ နှစ်ရွာစလုံးမှာ အိမ်အရေအတွက် ဘယ်လောက်မီးလောင် ပျက်စီးနေ တယ် ဆိုတာကိုတော့အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်သားတွေဟာ ဒီနေ့မနက် ၇ နာရီဝန်းကျင်က အောက် ကျောက် ဝပ်ရွာ ကိုရေလမ်းကလရောက်ရှိလာတာဖြစ်ပြီး အောက်ကျောက်ဝပ်ရွာအပြင် ညောပြင်ရွာကိုပါလာပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ နေအိမ်တွေကို မီးရှို့ တာ တွေလုပ်ဆောင်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။ စစ်ကောင်စီ တပ် သား တွေရွာထဲဝင်ရောက်လာလို့ ဒေသခံတွေကတော့ ထွက် ပြေးတိမ်း ရှောင်နေကြရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မတ်လ ၄ ရက်နေ့ကလည်း အောက်ကျောက် ဝပ်ရွာ ကနေအိမ်တွေကို မီးရှို့ခဲ့တဲ့အပြင် ဖမ်းဆီးထားတဲ့ရွာသား ၆ ဦးကို တစ်စု တစ်ဝေး တည်းသေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။

(တနင်္သာရီတိုင်းမ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article