25 C
Yangon

ဒီးမော့ဆိုနှင့် ရွှေဘိုတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

Must read

ဒီးမော့ဆိုနှင့် ရွှေဘိုတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါင်းငံခါးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

မတ်လ ၂၀ ရက်နေ့ နံနက် ၆ နာရီခန့်က စတင်ကာ ဒီးမော့ဆိုမြို့နယ်၊ ဒီးမော့ဆိုအနောက်ဘက်၊ ဒီးကျေးအုပ်စု၊ဒေါင်းငံခါးကျေးရွာတွင် DMO local PDF ၊ KNDF နှင့် အကြမ်းဖက် စစ်တပ်တို့ မွန်းလွဲ ၁ နာရီအထိ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

စစ်တပ် စစ်ကြောင်းသည် ပြည်သူပိုင် နေအိမ်များကို ခြေကုတ်ယူပြီး စစ်ကြောင်း ၃ ကြောင်းထိုးကာ ချီတက်လာစဥ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်က လက်နက်ကြီးကို အဆမတန် ပစ်ခတ်ခဲ့ပြီး DMO local PDF ရဲဘော်မှ ရဲဘော် ၄ ဦးခန့်လည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွာသာရွာမှ ပျူစောထီးများကို နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးခဲ့ကြောင်း Shwe Bo Defense Force- SBDF ထံမှ သိရသည်။

မတ်လ ၁၉ ရက် ညနေ ၃ နာရီ ၃၅ မိနစ်ခန့်က ရွာသာရွာကျေးရွာတွင် အထိုင်ချတပ်စွဲထားသော အ ကြမ်းဖက်စစ်သား၊ ပျူစောထီးများသည် ရွာ၏ မြောက်ဘက်အဝင်ရှိ ရွာသာဇရပ်အတွင်း ကင်းပုန်း ဝပ်နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အတွင်းမှ ရှော့တိုက်ဒုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ဆိုင်ကယ် ၃ စီးဖြင့် စစ်ကူထွက်ခွာလာသော ပျူစောထီး ၆ ဦးကိုလည်း ဇရပ် ကျော်ပြီး ရှေ့ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကင်းပုန်းများမှ အလစ်အငိုက်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ပျူစောထီး ၁ ဦးသေဆုံးပြီး တစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ထိခိုက်မှုတစ်စုံတစ်ရာရရှိခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို Shwe Bo Defense Force- SBDF စခန်း ၁၂ ၊ စခန်း ၁ ၊ စခန်း ၂ ၊ စခန်း ၁၁ ၊ လျှပ် စီးမုန်တိုင်းတပ်ဖွဲ့၊ ရန်ကြီးအောင် တပ်ဖွဲ့၊ အောင်တံခွန်တပ်ဖွဲ့၊ ရွှေဘိုခရိုင် တပ်ရင်း ၄ ၊ တပ်ခွဲ ၂ တို့ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article