ယင်းမာပင်တွင် သပိတ် စစ်ကြောင်း ၂ ခု ပူးပေါင်းကာ စစ်တပ် ဝင်ငွေ ရရှိနေသည့် MOGE ကို အရေးယူ ပိတ်ဆို့ပေးရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ မတ် ၂၁
ယင်းမာပင်တွင် သပိတ်စစ်ကြောင်း ၂ ခုပူးပေါင်းကာ ယနေ့ မတ်လ ၂၁ ရက်နေ့၌ အကြမ်းဖက် စစ်တပ် ဝင်ငွေ ရရှိနေသည့် MOGE ကို အရေးယူ ပိတ်ဆို့ပေးရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြပွဲကို ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ သပိတ် စစ်ကြောင်းနှင့် ကယ်တင်ရှင်မရှာ တို့ကျေးရွာ သပိတ်စစ်ကြောင်းတို့က ပူးပေါင်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။