Khit Thit သတင်းဌာန၏ မတ် ၂၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၂၂ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ ပလက်ဝ လမ်းပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ရိက္ခာပို့ ယာဉ်တန်းကို CDF – မတူပီ အဖွဲ့ကနေ ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၁၂ ဦးသေသွားတယ်လို Chinland Defence Force- Matupi ကနေ တရားဝင် ထုတ်ပြန်ထားပါတယ်။
– တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က ဘုရားမဲကျေးရွာက အကြမ်းဖက်ကောင်စီတပ်ဂိတ်ကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့မှာ စစ်ကောင်စီတပ်သား ၃ ဦးသေသွား တယ်လို့ ဥဩစစ်ကြောင်း(ထားဝယ်မြို့နယ်) ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်က စာသင်ကျောင်းမှာ တပ်စွဲပြီးကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ရဲ့ နေရာတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၄၀ မမ နဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန် ဒဏ်ရာရသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။