ရေစကြိုမြို့အနီးတဝိုက်တွင် အကြမ်းဖက်စစ်သားများ တိုက် ခိုက်ခံရပြီး ၃ ဦးသေဆုံး
ရန်ကုန်၊ မတ် ၂၂
မကွေးတိုင်း၊ရေစကြိုမြို့၊ပေကုန်းရေတံခါးအနီးတွင် အကြမ်း ဖက်စစ်သားများကို ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေစကြို- ပကဖ) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ မတ်လ ၂၂ ရက် နံနက် ၇ နာရီခွဲခန့်က ရေစကြိုမြို့ပေါ်မှ ပခုက္ကူဘက်သို့ အင်အား ၂၀ ကျော်ဖြင့် ခြေလျင်ထွက်လာသော အကြမ်းဖက်စစ်သားများကို ပေကုန်းရေထိန်း တံခါးအ နီး အရောက် ပဒေသာ မိုင်း ၃ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်ဖးက်စစ်သား ၃ ဦးသေဆုံးပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ သေဆုံးဒဏ်ရာရ စစ်သားများများ ကို ခလရ ၂၅၈ တပ်ထဲသို့ သယ်ဆောင်သွားပြီး အပြင်းအထန်ဒဏ်ရာရ စစ်သား ၃ ဦးကို မိတ္ထီလာစစ်ဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။
“ပေကုန်းရေထိန်းတံခါးဆိုတာက ရေစကြိုမြို့အထွက်မှာရှိတာ၊ ခွေးတွေက ပေလမ်းပေါ် တည့်တည့် ကနေ လာတာ မ ဟုတ်ဘူး၊ ဆည်ဘောင်အောက်ဘက်မှာ လမ်းကျဉ်းကျဉ်းလေးရှိတယ်၊ အဲဒီလမ်းအတိုင်း ဆင်းလျှောက်လာတာ၊ အဲဒီမှာ ကျနော်တို့ မိုင်းကွင်းထဲကို တည့်တည့်တိုးတာပဲ၊ မိုင်းကွင်းထဲ ရောက်လာတဲ့ အချိန် တစ်ခါတည်း ဖောက်ခွဲလိုက်တာပါ၊ ၃ ကောင်သေတယ်၊ သေဆုံးဒဏ်ရာရတဲ့ကောင်တွေ ကို ၂၅၈ တပ်ထဲ သယ်သွားတယ်၊အပြင်းအထန်ရတဲ့ ၃ ကောင်ကိုတော့မိတ္ထီလာပို့ဖို့ စီစဉ်နေတယ်လို့ သတင်းရပါတယ်၊” ဟု ရေစကြိုမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(ရေစကြို-ပကဖ) မှ တာ ဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။
လက်ရှိအချိန်အထိ ရေစကြို-ပခုက္ကူလမ်းတလျှောက်တွင် အ ကြမ်းဖက်စစ်သား အများအပြားချထားကာ စစ်ဆေးနေကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ မတ်လ ၂၁ ရက် နေ့လည် ၁၁ နာရီခန့်ကလည်း ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း ဒေသ၊ မင်းရွာရှိ အ ကြမ်းဖက်စစ်သား၊ ပျူစောထီး ၁၅ ဦးခန့်သည် မြစ်ကမ်းဘေးရှိ ညောင်ပင်အောက်၌ အနားယူကာ ငါးမျှားရေချိုးနေကြစဉ် ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု ရှိနိုင်သော်လည်းအတည်မပြုနိုင်သေးကြောင်း သိရသည်။
ထို့အပြင် နေ့လည် ၃ နာရီခန့်က ခလရ ၂၅၈ တပ်မှ အကြမ်း ဖက်စစ်သား ၅၀ ခန့်သည် ခြေလျင်စစ်ကြောင်းထွက်လာကာကမ္ဘဲ့ကျေးရွာအတွင်းသို့ ဝင်ရောက်မွှေနှောက် ပစ်ခတ်ရာ ပြည်သူ ၃ ဦးထိမှန်ပြီး တစ်ဦး လည်ပင်ကျည်ဖောက်ဝင်ဒဏ် ရာစိုးရိမ်ရ ရရှိခဲ့ကြောင်း၊ ထပ်မံပြီး ထန်းဇင်လေးကျေးရွာကိုအတွင်းသို့ ဝင်ရောက်မွှေနှောက်ခဲ့ကြောင်း၊ ထန်းဇင်လေးကျေးရွာအတွင်းမှ ပြန်ထွက်လာစဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ကြောင်း ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုပကဖ ထံမှ သိရသည်။
Photo -ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ