ရုရှားသမ္မတ ပူတင်၏ လူယုံ ရှေ့နေချုပ် Igor Krasnov ဦးဆောင်သော ရုရှားအစိုးရ ကိုယ်စား လှယ်အဖွဲ့ နေပြည်တော်သို့ လာရောက်
ရန်ကုန်၊ မတ် ၂၂
ရုရှားသမ္မတ ပူတင်၏ လူယုံ ရှေ့နေချုပ် Igor Krasnov ဦးဆောင်သော ရုရှားအစိုးရ ကိုယ်စား လှယ်အဖွဲ့သည် မြန်မာနိုင်ငံ သို့ ယနေ့ နေ့ချင်းပြန် လာရောက်ကြောင်း နေပြည်တော် စစ်ကောင်စီ သတင်းရင်းမြစ်က ပြောသည်။
မတ်လ ၂၁ ရက်နေ့ ည ၇ နာရီဝန်းကျင်တွင် ရုရှားပိုင် IL 96 လေယာဉ်ဖြင့် ရုရှားမှ ထွက်ခွာ လာခြင်း ဖြစ်ပြီး မြန်မာ နိုင်ငံ၊ နေပြည်တော်သို့ ယနေ့ ဆိုက်ရောက်လာကြောင်း၊ မြန်မာ စစ်ကောင်စီ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး နောက် ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့သို့ ထွက်ခွာ သွားကြောင်း၊ ယခုခရီးစဉ်သည် မြန်မာစစ်ကောင်စီ၏ ဖိတ်ကြား ချက်အရ လာရောက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ရုရှားသမ္မတ ပူတင်၏ လူယုံ ရှေ့နေချုပ် Igor Krasnov ဦးဆောင်သော ရုရှားအစိုးရ ကိုယ်စား လှယ်အဖွဲ့တွင် အဖွဲ့ဝင် ၉၀ နီးပါး ပါဝင်ကြောင်း သိရှိရသည်။
ရှေ့နေချုပ် Igor Krasnov သည် ၂၀၂၀ ခုနှစ်မှစတင်၍ ရုရှားသမ္မတပူတင်က ရာထူးခန့်အပ် အတည်ပြုပေးထားသော လူယုံတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
