ပုလဲမြို့နယ်အတွင်းရှိ စစ်တပ်မီးဘေးသင့် ကျေးရွာ ၃ ရွာမှ အိမ်ထောင်စုများကို ငွေကြေးထောက်ပံ့
ရန်ကုန်၊ မတ် ၂၂
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ စစ်တပ်မီးဘေးသင့်ပြီးတိမ်းရှောင်နေရသော မွေ့တုံကျေးရွာ၊ အင်မထီးကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာတို့မှ အိမ်ထောင်စုများကို ပုလဲဖြူအဖွဲ့မှ အိမ် ထောင်စုတစ်စုလျှင် ငွေကျပ် ၂၅၀၀၀(နှစ်သောင်းငါးထောင်) ကျပ်စီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်တပ်မီးဘေးသင့်အိမ်ထောင်များမှာ မွေ့တုံကျေးရွာမှ အိမ်ထောင်စု ၁၇၂ စု၊ အိမ်ထီးကျေးရွာမှ အိမ်ထောင်စု ၈၄ စု၊ ဇီးဖြူကုန်းကျေးရွာမှ အိမ်ထောင်စု ၅၁ စုတို့ဖြစ်ပြီး ပုလဲဖြူအဖွဲ့မှ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ အကူအညီဖြင့်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


