30 C
Yangon

ကျုံပျော်မြို့နယ်၊ အင်ဖျားကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ထွန်း ဆန်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

ကျုံပျော်မြို့နယ်၊ အင်ဖျားကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ထွန်း ဆန်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မတ် ၂၃

ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ်၊ အင်ဖျားကျေးရွာအုပ်စုမှ စစ်ကောင်စီခန့် အုပ် ချုပ် ရေးမှူး ထွန်းဆန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ကျုံပျော်မြို့ ပြပြောက် ကျားတပ်ဖွဲ့(KSTF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၂ ရက်နေ့ ညနေ ၆ နာရီအချိန် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့ နယ် အင်ဖျားအုပ်စုမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ထွန်းဆန်းကို ကျုံပျော်မြို ပြပြောက် ကျားအဖွဲ(KSTF)က ရှင်းလင်းခဲ့ကြောင်း၊ ထွန်းဆန်းကို အင်းဖျား ရွာနှင့် လိန်ကုန်းရွာကြားရှိ နတ်စင်နားတွင် သေနတ်ဖြင့် အနီးကပ် ၃ ချက် ပစ် ခတ် ကာ ရှင်းလင်းခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ထွန်းဆန်းက စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ အုပ်ချုပ်ရေးမှူ ဖြစ်လာတာ။ အုပ် ချုပ်ရေးမှူး မဖြစ်ခင်ကတည်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့ လှေဆွဲကျေးရွာသား ဆန္ဒပြလူငယ်များနှင့် ရွာခံပြည်သူတွေရဲ့ သတင်းကို မြို့ နယ်စစ်ကောင်စီဆီ သတင်းပို့တိုင်ကြားတယ်။ နည်းမျိုးစုံ အကွက်ဆင်ပြီး စစ် တပ် နှင့်ရဲကို သတင်းပို့တိုင်ကြားလို့ကြောင့် ကျေးရွာတွင်း မတရား ဖမ်းဆီး ရှာဖွေမှုများ ဖြစ်ပေါ်လာခဲ့ပါတယ်” ဟု ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

ထွန်းဆန်းက ၂၀၂၁ ခုနှစ် ဇွန်လ ၅ ရက်နေ့ စစ်တပ်ကို ခေါ်၍ လှေဆွဲကျေးရွာ အတွင်း ပစ်ခတ်ခိုင်းသဖြင့် ခလရ ၃၆ တပ်နှင့် ရဲများက လှေဆွဲရွာအတွင်း အကြမ်း ဖက် ပစ်ခတ်ခဲ့ကြကြောင်း၊ ထိုပစ်ခတ်မှုကြောင့် ပြည်သူ၄ ဦး ကျဆုံး ခဲ့ရပြီး ပြည်သူအများအပြား ထွက်ပြေးခဲ့ရကြောင်း သိရှိရသည်။

“ထွန်းဆန်းက ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူတွေကို မဟုတ်မမှန် သတင်း ပေးတိုင်ကြားလို့ လှေဆွဲပစ်ခတ်မှုဖြစ်ရုံမကဘဲ စစ်ကောင်စီခန့် အုပ်ချုပ် ရေးမှူး တစ်ဦးအနေနဲ့ ရပ်ရွာပြည်သူတွေကို ဆက်လက်ဒုက္ခပေးနေတာကြောင့် ကျုံ ပျော် မြို့ ပြပျောက်ကျား အဖွဲ့က ရှင်းလင်းခဲ့ရတာဖြစ်ပါတယ်” ဟု ကျုံပျော် မြို့ ပြပြောက်ကျားတပ်ဖွဲ့(KSTF) မှ တာဝန်ရှိသူက ရှင်းလင်းပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article