26 C
Yangon

မင်းလှမြို့၊ ခလရ ၁ မှ စစ်သား ၃ ဦး လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးမှု စစ်တပ်က ဖမ်းဆီးရန် ရှာဖွေနေ၊ မိလျှင် ပစ်သတ်ပြီး သေနတ်သာ ပြန်ယူခဲ့ဟု တပ်ရင်းက အမိန့်ပေးဟုဆို

Must read

မင်းလှမြို့၊ ခလရ ၁ မှ စစ်သား ၃ ဦး လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးမှု စစ်တပ်က ဖမ်းဆီးရန် ရှာဖွေနေ၊ မိလျှင် ပစ်သတ်ပြီး သေနတ်သာ ပြန်ယူခဲ့ဟု တပ်ရင်းက အမိန့်ပေးဟုဆို

ရန်ကုန်၊ မတ် ၂၃

ပဲခူးတိုင်း၊ မင်းလှမြို့၊ စိန်ကန့်လန့်ရွာ အခြေစိုက် အမှတ် ၁ ခြေလျင်တပ်ရင်းမှ စစ်သား ၃ ဦး လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားကြောင်း တပ်တွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မတ်လ ၂၃ ရက်နေ့ နံနက် ၃ နာရီခန့်တွင် မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာ အခြေ စိုက် အမှတ် ၁ ခြေလျင်တပ်ရင်းမှ တပ်တွင်း အချုပ်ကျနေသည့် စစ်သား ၁ ဦးနှင့် အချုပ်စောင့် စစ်သား ၂ ဦးတို့ ပူးပေါင်းကာ လက်နက် အပြည့်အစုံဖြင့် ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထွက်ပြေးသွားသော စစ်သား ၃ ဦးကို လက်ရှိချိန်တွင် အင်အားအလုံး အရင်းဖြင့် တောနင်းရှာဖွေနေပြီး တွေ့ရှိပါက ပစ်သတ်ရန် အမိန့်ပေးထား ကြောင်း၊ အဆိုပါ ထွက်ပြေးသွားသော စစ်သားများသည် လက်ပစ်ဗုံးပါ ယူဆောင်သွားပြီး စစ်လက်နက် အမြောက်အများ ပါရှိသွားကြောင်း သိရသည်။

” ဖမ်းမိရင် ပစ်သတ်ဖို့နဲ့ လူမလိုချင်ဘူး သေနတ်ပဲ ပြန်ယူဖို့ ပစ်မိန် ကျထား​တယ်လို့ သိရတယ်။ စစ်တပ်ထဲက တပ်အချုပ်မှာ ဖမ်းခံရသူ ၁ ဦးနဲ့ ကင်းတာ ဝန်ကျသူ ၂ တို့ပေါင်းပြီး ထွက်ပြေးတာ လက်ပစ်ဗုံးတွေရော ယူသွားတယ်လို့ သိရတယ်။ တပ်ရင်းမှူးက ရှေ့တန်းရောက်နေတာ သူလည်းနောက်က ပြဿနာ တွေ တက်လို့ စိတ်ညစ်နေတယ်တဲ့ အချုပ်ခန်း တံခါးကို ဖျက်ပြီး သေနတ် ၃ လက် ယူပြီး ထွက်ပြေးသွားတယ်။ အချုပ်ခန်းထဲမှာ မုဒိမ်းမှုနဲ့ ထောင်ကျနေတဲ့ ထွန်းနိုင်က သူတို့ ထွက်ပြေးတဲ့ အချိန် လှမ်းအော်လို့ အကုန်သိကုန်တာတဲ့ ခလရ ၁ တပ်ရင်းမှူးက ကယားရောက်နေတယ်လို့ သိရတယ်” ဟု တပ်တွင်း သတင်းရင်းမြစ်မှ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article