20 C
Yangon

တမူးမြို့နယ်၊ ဘုက္ကန်နယ်မြေရဲစခန်းကို PDFက တိုက်ခိုက်သိမ်းပိုက်မှု လက် နက် ၁၅ လက်၊ မိုင်း၊ ဗုံးနှင့် ခဲယမ်းကျည်မျိုးစုံ သိမ်းဆည်းရရှိ၊ ရဲများ ထွက်ပြေး

Must read

တမူးမြို့နယ်၊ ဘုက္ကန်နယ်မြေရဲစခန်းကို PDFက တိုက်ခိုက်သိမ်းပိုက်မှု လက် နက် ၁၅ လက်၊ မိုင်း၊ ဗုံးနှင့် ခဲယမ်းကျည်မျိုးစုံ သိမ်းဆည်းရရှိ၊ ရဲများ ထွက်ပြေး

ရန်ကုန်၊ မတ် ၂၄

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ဘုက္ကန်နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်က သိမ်း ပိုက် မီးရှို့ရှင်းလင်းရာ လက်နက် ၁၅ လက်၊ ကျည်မျိုးစုံနှင့် ရဲအသုံး အဆောင် များ သိမ်းဆည်းရရှိကြောင်း အမျိုးသားလွတ်မြောက်ရေးတပ်တော် NLA က တရားဝင် သတင်းထုတ်ပြန်သည်။

မတ်လ ၂၄ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်တွင် တမူးမြို့နယ်၊ တမူး-ကလေး ကားလမ်းပိုင်းရှိ ဘုက္ကန်ရွာတွင် NLA တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ ၄၅ မိနစ်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဘုက္ကန်ရွာ ရဲစခန်းကို သိမ်းပိုက်နိုင် ခဲ့ ကြောင်း၊ လက်နက် ၁၅ လက်၊ ကျည်မျိုးစုံ ၂၂၆၉ တောင့် ၊ ဘီအေ -၆၃ ရိုင် ဖယ် ကျည် ကတ် ၁၂ ကတ် ၊ ဘီအေ- ၉၄ ကျည်ကတ် ၂ ကတ်၊ အေက-၄၇ ကျည် ကတ် ၂ ကတ်၊ ရှေ့ကတ်မိုင်း ၂ လုံး၊ လက်ပစ်ဗုံး ၃ လုံး၊ ဘီအေ-၆၃ လှံစွပ် ၂ ချောင်း၊ ဓားမြှောင် ၁ ချောင်း၊ လမ်းလျှောက်စကားပြောစက် ၆ လုံး၊ စကားပြောစက် အထိုင်စက် ၁ လုံး၊ လက်ထိပ် ၇ ခု၊ ကျင်စက် နံပါတ်တုတ် ၁ ချောင်း၊ ရိုးရိုး နံပါတ်တုတ် ၃ ချောင်း၊ ရဲယူနီဖောင်းများ သိမ်းဆည်းနိုင်ခဲ့ ကြောင်း သိရှိရသည်။

ဘုက္ကန်ရွာ ရဲစခန်းကို NLA တပ်ဖွဲ့များ သိမ်းပိုက်ပြီးနောက် စစ်တပ်က Mi 35 ရဟတ် ယာဥ် ၂ စီးဖြင့် ယနေ့ မွန်းလွဲပိုင်းတွင် လာရောက် ပစ်ခတ်လျက်ရှိ​ကြောင်း သိရသည်။

“တမူးမြို့နယ် ဘုတ်ကန်ရွာကို ဒေသ PDF တပ်ဖွဲ့တွေက နံနက် ၇ နာရီ ၄၅ မိနစ်မှာ သိမ်းပိုက် လိုက်တယ်လို့သိရပါတယ်။ ဘုတ်ကန်ရွာက အိမ်ခြေ ၂၀၀၀ ခန့်ရှိတဲ့ဟရွာကြီးပါ စစ်ခွေးရဲစခန်းကို ဝင်တိုက်တာ ရဲစခန်းကို သိမ်းနိုင်ခဲ့တယ်။ မွန်းလွဲပိုင်းမှာ Mi – 35 ၂ စီးနဲ့ လာပစ်တယ်လို့ သိရတယ်။ ထိခိုက်ပျက်စီးမှု အခြေအနေတော့ မသိရသေးဘူး” ဟု PDF သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article