30 C
Yangon

အုတ်ဖိုမြို့နယ်၊ တာဝါတိုင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ

Must read

အုတ်ဖိုမြို့နယ်၊ တာဝါတိုင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ မတ် ၂၄

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ တာဝါတိုင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် နှင့် PDF တပ်ဖွဲ့များ ကျေးရွာအနီးအနား၌ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်သားများ ထိခိုက်သေဆုံးမှုရှိသောကြောင့် တိုက်ပွဲ အနီးအနားရှိ တာဝါတိုင်ရွာနှင့် ချောင်းစောက်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။

စစ်တပ် စစ်ကြောင်းသည် တာဝါတိုင်ရွာကို ဝင်ရောက် စီးနင်း မီးရှို့ ပြီးနောက်၊ ချောင်းစောက်ရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များမှ ပစ္စည်းများကို ခိုးယူသွားပြီး လက်ရှိချိန်ထိ ကျေးရွာအနီးအနားများ၌ တပ်စွဲထားကြောင်း သိရသည်။

” စစ်ခွေးတွေနဲ့ PDF ရဲဘော်ကို တိုက်ပွဲဖြစ်ပြီး စစ်ခွေး အသေများလို့ ရွာကို မီးတင်ရှို့တာ ပြည်သူတွေ ကတော့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကျတယ်။ နေအိမ်တွေထဲက ပြည်သူပိုင်ပစ္စည်းတွေကိုလည်း စစ်ခွေးတွေက သယ်ယူနေတယ်။ ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ မသိရသေးဘူး။ စောင့်ကြည့်နေတုန်းပါပဲ။ အခုထိ စစ်ခွေးတွေရှိသေးတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article